သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ကရင်လူထုအတွက် စာမျက်နှာသစ်ဖွင့်ချိန်

>> Tuesday, December 7, 2010

---ဗိုလ်မှူးချုပ် စောလားပွယ်၏ လုပ်ရပ်ကို ဂုဏ်ပြု ကြိုဆို ကြသည်ကို တွေ့ရသော်လည်း KNU၏ တုန့်ပြန်ချက်နှင့် ပတ်သက်ပြီး အားမရမှုများ ရှိနေသည်---”


နအဖ သည် လမ်းပြမြေပုံ (၇)ချက်ကို ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံပါ အ ချက်များကို ၂၀၀၄ ခုနှစ် မေလမှစတင်ကာ တဆင့်ခြင်း အကောင်အထည် ဖော်ခဲ့ရာ ပဉ္စမအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ နောက်တနေ့တွင် ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲထားခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် လက်မခံသော ဗိုလ်မှူးချုပ် စောလားပွယ် ခေါင်းဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတို့ မြ၀တီ၊ ဘုရားသုံးဆူ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုအခြေအနေသည် သံသယများဖြင့် (၁၅)နှစ်ကြာ တည်ဆောက်ထားသော အပစ်အခတ်ရပ်စဲရေး ပျက်ပြားခြင်း၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲ၏ ပထမဆုံးရလဒ်၊ သွေးခွဲစနစ်ဖြင့် အမျိုးသား အချင်းချင်း ရန်တိုက်ပေးရန် စီစဉ်ထားသော နယ်ခြားစောင့်တပ် အစီအစဉ်အား အာခံခြင်းဖြစ်သည်ဟု ရှုမြင်နိုင်မည် ဖြစ်သည်။

ယခုဖြစ်စဉ်သည် ဗိုလ်မှူးချုပ် စောလား ပွယ် (ခေါ်) နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA နှင့် ဖြစ်ပွားခြင်းမျိုး သက်သက်မဟုတ်ဘဲ DKBA တခုလုံးနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ဆိုလိုသည်မှာ အပစ်အခတ်ရပ်စဲရေးသည် ယုံကြည်မှုပေါ် အခြေခံထားခြင်း မဟုတ်ခြင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး မဟုတ်ခြင်း၊ သံသယအပေါ် အခြေခံထားခြင်း နှင့် သံသယများ ဆက်လက်ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအခြေအနေအောက်မှာ နအဖသည် ကျန်ရှိနေသည့် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံထားသော တနည်းအားဖြင့် ဗိုလ်ချစ်သူ ဦးဆောင်သော DKBA ၊ ၁၉၉၅ ခုနှစ် က KNU မှ ခွဲထွက်သွားခဲ့သည့် စောသူမူဟဲ ဦးဆောင်သော KPF ၊ ၂၀၀၇ ခုနှစ်က KNU မှ ခွဲထွက် သွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့် ဗိုလ်ချုပ် ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းကောင်စီတို့ အား သံသယဖြင့် စောင့်ကြည့်ကာ အခါအခွင့် သင့်သည်နှင့် ချေမှုန်းနှိုင်ရေးပြင်ဆင် ဆောင်ရွက်နေမည် ဆိုသည်မှာ သံသယဖြစ်စရာ မလိုပေ။
ဗိုလ်ချစ်သူ အပါအ၀င် DKBA ခေါင်းဆောင်များအားလုံး အနေဖြင့်လည်း ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေအချာ ပြန်လည်သုံးသပ် ဆင်ခြင်ရန် လိုအပ်သော အချိန်ဖြစ်သည်။

မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး နှင့် မိမိတို့ ရည်မှန်းချက်ဖြစ်သော အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များအတွက် ပြန်လည် တိုက်ပွဲဝင်ရန် ပြင်ဆင်ချိန်ရောက်ပြီလား၊ မိခင် အဖွဲ့အစည်းဖြစ်သည့် KNU နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်သင့်ပြီလား၊ (၁၅) နှစ်တာ အပစ်အခတ် ရပ်စဲရေးဟာ တကယ်ဘဲ လူထုအတွက် အကျိုးရှိခဲ့သလား၊ DKBA တခုလုံး အတွက် အကျိုး ရှိခဲ့သလား၊ ဘယ်လို ကန့်သတ်ချက်တွေ နှင့် DKBA ကို နအဖ က ကိုင်တွယ်ခဲ့သလဲ စသည့် မေးခွန်းများကို လေးလေးနက်နက် စဉ်းစားရမည့်အချိန် ဖြစ်သလို KNU အနေဖြင့်လည်း ဦးဆောင်ပါတီဖြစ်သည့် အားလျော်စွာ တခုလုံး၏ အကျိုးစီးပွားကို ကြည့်သင့်သော အချိန်အခါကောင်း ဖြစ်သည်ဟု မြင်ပါသည်။

ရရှိသည့်အခွင့်အရေးကို အပြည့်အ၀အသုံးချကာ KNU ၊ KPF ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ နှင့် DKBA သည် ကရင်လူထု အကျိုးအတွက် ခြေလှမ်းသစ် စာမျက်နှာသစ် ဖွင့်လှစ်ကာ သမိုင်းတခေတ် တည်ဆောက်ရမည့် အချိန်ဖြစ်သည်။ ကျနော် တွေ့မိသော ကရင်လူထုကို ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သဘောထား မေးကြည့်ရာ အတော်များများက ဗိုလ်မှူးချုပ် စောလားပွယ်၏ လုပ်ရပ်ကို ဂုဏ်ပြု ကြိုဆို ကြသည်ကို တွေ့ရသော်လည်း KNU၏ တုန့်ပြန်ချက်နှင့် ပတ်သက်ပြီး အားမရမှုများ ရှိနေသည်ကို တွေ့ရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် KNU ရဲဘော် အချို့ပင်လျင် KNU ၏သဘောထားကို အားရကျေနပ်ခြင်း မရှိကြချေ။ “ဒီအချိန်ဟာ ငါ့တို့ အတွက် အကောင်းဆုံးအချိန်ဘဲ DKBA နှင့် ပေါင်းပြီး မြ၀တီကို သိမ်းလိုက်ရင် ဘယ်လောက် ကောင်းမလဲ၊ တခါတည်း KNU နှင့် DKBA ပေါင်းပြီးသား ဖြစ်သွားပြီး လူထုအတွက်လည်း အကျိုးရှိ တာပေါ့” ဟု KNU ရဲဘော်တယောက်က သူ့အမြင်ကို ပြောပြပါသည်။



ဗိုလ်မှူးချုပ် စေားလားပွယ်က သူ့၏ နိုင်ငံရေး အယူ အဆကို မီဒီယာများ နှင့်တွေ့ဆုံရာတွင် “ဒီကနေ့ ကျနော် လုပ်နေတာဟာ ကရင်လူမျိုးအတွက် တခုတည်း မဟုတ်ပါဘူး၊ ဒီမိုကရေစီအတွက်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖြစ်တယ်” လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ ထိုအချက်သည် ကျနော်တို့ အားလုံး ကြိုဆိုလက်ခံ သင့်သော အချက် ဖြစ်ပါသည်။
ထို့ကြောင့် စောဘဦးကြီး၏ စကားအတိုင်း ပြောရလျှင် “ကရင့်ကံကြမ္မာ ကရင် ဖန်တီးနိုင်ရေး အတွက် KNU ၊ KPF ၊ KNU/KNLA ငြိမ်ချမ်းရေးကောင်စီ ၊ DKBA တို့နှင့် အတူ ကရင်လူထု တရပ်လုံးက ကရင့် စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေး ကြိုးစားကြပါစို့” ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။

Read more...

၂၀၁၀ မြန်မာပြည်၏ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ

>> Friday, October 29, 2010

မြန်မာပြည်၏ ၂၀၁၀ နိုင်ဝင်ဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင်၏ အလို့တော်ကျ သူတို့၏ ထာဝရ အချုပ်အခြာအာဏာတည်တံအောင်ဥပဒေရေးဆွဲပြီး ပြည်သူတွေကို ဖိနိပ်ပြီး အတုအယောင်အလိမ်အညာ ရွေဂေါတ်ပွဲကို မကြာခင်ကျင့်ပတော့မှာဖြစ်ပါတယ် မြန်မာပြည် စစ်အာဏာရှင်စစ်ဗိုလ်ချုပ်များ၏ ရွေကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းအမှန်ဖြစ်လာမှာ မဟုတ်ပါဘူး ဒီအတုအယောင် ရွေကောက်ပွဲ ဟာ တိုင်းရင်းသားပြည်သူများအတွက် ကောင်းကျိုး အတွက် တစ်စုံတရာဖြစ်လာမှာ မဟုတ်ဘဲပါဘူး ရွေကောက်ပွဲဟာ စစ်ဗိုလ်ချုပ်များ၏ စစ်ဝတ်စုံကနေ အရပ်ဝတ်ဘက်ပြောင်းလဲမှုသာဖြစ်ပြီး စစ်မှန်တဲ့ပြောင်းလဲမှုတွေမြင်ရဖို့မရှိပါဘူး  စစ်အာဏာရှင်များဟာ အရပ်ဝတ်အဖြစ်ပြောင်းလဲပြီး တိုင်းရင်သားပြည်သူများကို ဆက်လက် နိပ်စက်သတ်ဖြတ်အုံးမည်ဖြစ်ပါသည် မြန်မာပြည်ကြီး ကံကြမ္မာဆိုးတွေနင့် ဆက်လက်ကြုံတွေနေရအုံးမည်ဖြစ်ပါသည်
၂၀၁၀ မြန်မာပြည်၏ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ စသည်များကို သိချင်သူများအတွက် အောက်ပါအတိုင်းဖြစ်ပါသည်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေါ် နအဖစစ်အစိုးရသည် လက်ရှိစစ်အာဏာရှင်စနစ်ကို တရားမ၀င်အစိုးရအဆင့်မှ တရားဝင်အစိုးရအဆင့်သို့ ကူးပြောင်းနိုင်ရန်အတွက် ၁၉၉၃ ခုနှစ်မှစ၍ လက်တဆုပ်စာ ပါတီသစ္စာဖောက်များ၊ မြို့နယ်အဆင့် စစ်အစိုးရလက်ကိုင်တုတ်ဝန်ထမ်းများ၊ အဖွဲ့အစည်းအသီးသီးမှ လက်ညှိုးထောင်ခေါင်းညိတ် ပုဂ္ဂိုလ်များကို စုစည်း၍ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပလာခဲ့ပြီး (၁၅) နှစ်အကြာတွင် ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒသဘောထားကို လုံးဝမျက်ကွယ်ပြု၍ ကြိုတင်ဆန္ဒမဲ အပါအ၀င် အတင်းအဓမ္မ မဲဓားပြတိုက်ကာ အတည်ပြုခဲ့သည်။ ဤသည်ကိုပင် ပြည်သူလူထုက (၉၂) ရာခိုင်နှုန်းကျော် ထောက်ခံပါသည်ဟု လိမ်ညာဝါဒဖြန့်ခဲ့လေသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပါမည်ဟု မကြာမီက ထုတ်ပြန်ခဲ့လေသည်။

နအဖ၏ ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ပါက ယင်းဥပဒေသည် တိုင်းရင်းသားများအခွင့်အရေး လုံးဝမရှိသည့်အပြင် ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးလည်း လုံးဝမပါရှိချေ။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် နအဖစစ်အစိုးရအား ကမ္ဘာက အသိအမှတ်ပြု တရားဝင်အစိုးရအဖြစ် ပြောင်းလဲရန်နှင့် ပြည်သူလူထုတရပ်လုံးအပေါ် စစ်ကျွန်ပြုရေး၊ တိုင်းရင်းသားလူမျိုးစုအားလုံးကို မျိုးဖြုတ်ရေးတို့ကိုသာ အစီအစဉ်ရှိရှိ ချမှတ်ထားခြင်းဖြစ်သည်။
ထို့အပြင် နအဖ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် နှစ်ပေါင်း (၆၀) ကျော် တောက်လောင်နေသော ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေမည့် ဥပဒေလည်းဖြစ်သည်။

တဖန် ယင်းဥပဒေသည် နိုင်ငံသားအားလုံး၏ အသက်စည်းစိမ်လုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို လုံးဝလျစ်လျူရှုကာ နိုင်ငံသားတိုင်း၏ ကံကြမ္မာကို လုံးဝလှုပ်၍မရအောင် တုပ်နှောင်ချုပ်ထားသည့် စစ်ကျွန်ပြုရေးဥပေဒသာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားများအတွက် အသက်တမျှအရေးကြီးသော အရာကိစ္စဖြစ်ရာ နိုင်ငံသားတိုင်းက နအဖ၏ စစ်ကျွန်ပြုရေးအတွက် ရေးဆွဲထားသော ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေဥပဒေကို လေ့လာကြည့်ရှုကြပါစို့။

(၁) နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) အခြေခံမူ (၆) တွင် စစ်တပ်သည် နိုင်ငံရေးကို ဦးဆောင်ရန်။
(၂) အခန်း (၁) ပုဒ်မ (၁၄) တွင် စစ်တပ်သည် ပြည်ထောင်စု၊ တိုင်းနှင့် ပြည်နယ်အဆင့်တိုင်းတွင် ပါဝင်ဆောင်ရွက်သွားရန်။
(၃) ပုဒ်မ (၂၀) အရ တခုတည်းသော စစ်တပ်ဖြစ်ခြင်း၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများအာလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ရန်။
(၄) ပုဒ်မ (၆၀) (ခ) (၃) အရ တိုင်းပြည်အုပ်ချုပ်ရေးအဆင့်ဆင့်တွင် ပါရှိရန်။
(၅) အခန်း (၇) ပုဒ်မ (၃၃၈) အရ တခုတည်းသော စစ်တပ်မှအပ အခြားမည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ ခွင့်မပြုရန်။
(၆) ပုဒ်မ (၄၁၂)၊ ပုဒ်မ (၄၁၃)၊ ပုဒ်မ (၄၁၈)၊ ပုဒ်မ (၄၁၉) အရ အရေးပေါ်ကာလတွင် စစ်တပ်အား အာဏာသိမ်းပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ပေးထားသည့်အပြင် ပုဒ်မ (၄၁၇) အရလည်း တနှစ်အထိ သတ်မှတ်နိုင်ပြန်သည်။ အချိန်ကာလ အကန့်အသတ်မရှိ စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည်အား အုပ်ချုပ်ခြင်းကို ခွင့်ပြုထားရန်။
(၇) စစ်တပ်အရေးကိစ္စအား မည်သူမျှ ၀င်ရောက်စွက်ဖက်ခွင့် မရှိစေရန်။
(၈) ပုဒ်မ (၂၀) အရ စစ်တပ်ရေးရာကိစ္စများနှင့် ပတ်သက်သမျှအားလုံးကို ကာကွယ်ရေးဦးစီးချုပ်ကသာ စီမံဆောင်ရွက်သွားရန်။
(၉) အခန်း (၄) ပုဒ်မ (၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁) တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေပြုကဏ္ဍအဆင့်ဆင့်တွင် စစ်တပ်မှ (၂၅) ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ရန်။
(၁၀) ပုဒ်မ (၁၁၅) နှင့် (၁၄၇) (ခ) အရ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ၊ စစ်တပ်ရေးရာနှင့်ပတ်သက်၍ စစ်တပ်ကသာ လုပ်ပိုင်ခွင့်ရှိစေရန်။
(၁၁) ပုဒ်မ (၁၂၁) (ည) အရ စစ်တပ်အား အထူးအခွင့်အရေးများ ပေးရန်။
(၁၂) ပုဒ်မ (၂၀၁) အရ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာတို့တွင်လည်းကောင်း၊ ပုဒ်မ (၂၃၂) နှင့် (၂၃၄) အရ ဒု-၀န်ကြီးများ ခန့်ထားရာတွင်လည်းကောင်း၊ စစ်သည်များကိုသာ အဓိကထား ခန့်အပ်ရန်။
(၁၃) ပုဒ်မ (၂၆၂) အရ တိုင်း (သို့) ပြည်နယ်ကာကွယ်ရေးနှင့် နယ်စပ်ရေးရာကိစ္စများအတွက် ကာကွယ်ရေးဦးစီးချုပ်ကသာ တိုက်ရိုက်စီမံခန့်ခွဲရန်။
(၁၄) စစ်တပ်ကိုယ်စားလှယ်များ ရာထူးမှနုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် ခန့်အပ်ခြင်းကိစ္စတိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (သို့) ၎င်းခန့်အပ်ထားသော ပုဂ္ဂိုလ်ကသာ လုပ်ဆောင်ခွင့်ပြုရန်။
(၁၅) ပုဒ်မ (၂၅၈) အရ စစ်တပ်ကြီးစိုးနေသော နေပြည်တော်ကောင်စီသည် နိုင်ငံတော်၏ အမြင့်ဆုံးအာဏာရှိစေရန်။
(၁၆) အရေးပေါ်အခြေအနေကာလတွင် အခန်း (၁၁) ပုဒ်မ (၄၁၂)၊ (၄၁၃)၊ (၄၁၈)မှ (၄၃၂) ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို စစ်တပ်မှသာ တာဝန်ယူဆောင်ရွက်ခြင်း၊ အချိန်အကန့်အသတ်မရှိ အာဏာသိမ်းပိုက်နိုင်ခြင်းတို့ကို ခွင့်ပြုပေးရန်။
(၁၇) အခန်း (၁၄) ပုဒ်မ (၄၄၃) (၄၄၅) မှ (၄၄၇) အထိ ပြဋ္ဌာန်းချက်အရ စစ်အစိုးရတို့၏ အမွေကို ဆက်ခံခြင်း၊ ယခင်စစ်အစိုးရတို့ အသုံးပြုခဲ့သော ဥပဒေများ၊ နည်းဥပဒေများကို ဆက်လက်အသုံးပြုနိုင်ရန် ရေးဆွဲထားရာ ၂၀၀၈ နအဖ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် စစ်အမြင်၊ စစ်ရပ်တည်မှု၊ စစ်အာဏာရှင်စနစ် တည်တံ့ရေးအတွက် ရေးဆွဲထားသည်မှာ သိသာထင်ရှားလှပေသည်။

ယခုအခါ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် နအဖစစ်အစိုးရက ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံ၍ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် မည်သို့မျှ တရားမျှတမှုမရှိနိုင်ပေ။ အခြားပြိုင်ဘက်ပါတီများသည် ရွေးကောက်ပွဲဥပဒေများအရ နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်ခံနေရသော်လည်း ကြံ့ဖွံ့အသင်းတဖြစ်လည်း ကြံ့ဖွံ့ပါတီသည် ၎င်းတို့ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေကိုပင် အမျိုးမျိုးချိုးဖောက်ကာ မဲဆွယ်စည်းရုံးနေပေသည်။ ထို့ပြင် ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန်သည် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို လက်ကိုင်ထား၍ ၀န်ကြီးချုပ် အခွင့်အာဏာဖြင့် ၀န်ထမ်းများအား အတင်းအဓမ္မ မဲဆွယ်နေသည်မှာ ယိုသူမရှက် မြင်သူရှက်ပမာ ဖြစ်နေသည်မှာ လူထုအော့နှလုံးနာစရာပင်။

နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ လိုလားချက်နှင့် ဆန္ဒကို ညီညွတ်စုစည်းမှုပြုနိုင်ရေးအတွက် နိုင်ငံရေးအရ စနစ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်ရာ နိုင်ငံရေးပါတီတိုင်းသည် ဒီမိုကရေစီကို မှန်ကန်စွာ ကျင့်သုံးနိုင်ခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုခွင့်ရရှိရန် လိုအပ်ပေသည်။ ထို့အပြင် နိုင်ငံရေးပါတီသည် အရှည်သဖြင့် တည်တည်ငြိမ်ငြိမ်၊ ခိုင်မာရပ်တည်နိုင်ရေးအတွက် နိုင်ငံတွင်း၌ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရရှိသင့်ပေသည်။ ပါတီစုံစနစ်ဟု ဆိုထားရာ ကြံ့ဖွံ့ပါတီကိုသာ တရားဝင် မဲဆွယ်ခွင့်ပေး၍ ပြိုင်ဘက်ပါတ်ီများအား နည်းမျိုးစုဖြင့် ဟန့်တားနှောင့်ယှက်ခြိမ်းခြောက်နေသည်မှာ ကမ္ဘာသို့ အသံကောင်းဟစ်၍ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါသည်ဟု မည်သို့ပင်ဆိုစေကာမူ လက်တွေ့တွင် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲသည် တင်းပြည့်ကျပ်ပြည့် ပါတီစုံ တနည်း ဂုဏ်သိက္ခာရှိသည့် ပါတီစုံစနစ်ဟု ပြော၍မရပေ။ သို့ကလို မျှတမှုမရှိဘဲ ကျင်းပပြုလုပ်မည့် ပါတီစုံရွေးကောက်ပွဲရလဒ်ကိုလည်း ပြည်သူတရပ်လုံးနှင့် ကမ္ဘာက အသိအမှတ်ပြုလိမ့်မည်မဟုတ်ပေ။

ထို့ပြင် နအဖစစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနိုင်ငံရေး ထူထောင်ရေးတို့အတွက် ပြည်သူလူထုကြီးက (၈၂) ရာခိုင်နှုန်းကျော်ဖြင့် တခဲနက် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အဓိက ရန်သူသဖွယ် သဘောထားပြီး ကန့်သတ်ချုပ်ချယ်နေခြင်း၊ မိမိယုံကြည်ချက်ဖြင့် နိုင်ငံရေးဆောင်ရွက်နေသူ (၂,၀၀၀) ကျော်တို့ကိုလည်း မတရားဖမ်းဆီးနှိပ်စက် ထောင်ချထားခြင်း၊ နောက်ဆုံး အဖွဲ့ချုပ်ရပ်တည်ရေးကိုပင် ခက်ခဲစေရန် မတရားသောဥပဒေများ ထုတ်ပြန်၍ ကန့်သတ်ထားခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မည့် ရက်ထက်စော၍ ပြုလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် နအဖစစ်အစိုးရ၏ ယုတ်မာမှုအပေါင်းက အကွင်းလိုက်ပေါ်လွင်နေပေသည်။

သို့ကလို တင်းကျပ်သည့် ရွေးကောက်ပွဲဥပဒေများကြောင့် စစ်အစိုးရအား တရားမ၀င်အစိုးရအဖြစ်မှ တရားဝင်ဖြစ်စေမည့် ရွေးကောက်ပွဲကို လက်မြှောက်ဒူးထောက် အားလျားမှောက်ပြီး ခွေးတိုးပေါက်မှ ၀င်ရောက်ရမည့်ကိန်းဆိုက်နေပေရာ ယနေ့သမိုင်းပေးတာဝန်အရ စစ်ကျွန်ဘ၀ သွတ်သွင်းမည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်သွားရပေမည်။ တနည်းဆိုရသော် နအဖပါတီစုံရွေးကောက်ပွဲသည် (၈၈) ဒီမိုကရေစီ အရေးတော်ပုံကြီး၏အဆက် ပြည်သူတို့ နောက်ဆုံးအောင်ပွဲခံရမည့် ဒီမိုကရေစီပန်းတိုင် မဟုတ်သည့်အတွက် နိုင်ငံရေးအင်အားစုအားလုံးနှင့် ပြည်သူလူထုတရပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၀န်းရံလျက် ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ဆန့်ကျင်သွားမှသာလျှင် စစ်အာဏာရှင်စနစ် ကျဆုံးသွားပေမည်။

စစ်အာရှင်စနစ်ဆိုးကြောင့် ပြည်သူတရပ်လုံးသည် ကိုယ်ရေးလုံခြုံမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ဆုံးရှုံးကာ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးတို့ ပျက်သုဉ်းလျက်ရှိသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ဆိုးကြောင့် တိုင်းပြည်မင်းမဲ့စရိုက်ဖြစ်ကာ ဆုတ်ယုတ်ပျက်စီးနေသည့်အဖြစ်ကို ပြည်သူတရပ်လုံးက သိရှိနားလည်သဘောပေါက်ရန်အထူးလိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်

Read more...

တိရိစ္ဆာန်ဆင်ဖြူမျှပင်အလေးထားမခံရသော ရခိုင်ပြည်နယ် ဒုက္ခသည်များ

>> Wednesday, October 27, 2010

ပြီးခဲ့သည့် ရက်သတ္တပါတ် အတွင်း၌ ဆင်ဖြူတော် ကြိုဆိုရေး အခမ်းအနားကို စစ်အစိုးရက နေပြည်တော်တွင် တခမ်းတနား ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် အခမ်းအနားသို့ တက်ရောက်၍ ယင်းဆင်ဖြူတော်ကို အစာကျွေးခဲ့သည်။


မုန်တိုင်းတိုက်ပြီးဒုက္ခရောက်နေသော ရခိုင်ပြည်နယ်ပြည်သူပြည်သားများကို သွားရောက်ကူညီဖို့မလုပ်ဘဲ ဆင်ဖြူတိရိစ္ဆာန်ကို သွားပြီးဖူမျော်နေသော အာဏာရူးပြီးပြည်သူကိုသတ်နေတဲ့ စစ်မိစ္ဆာ ခေါင်ဆောင်
ဗိုလ်ချုပ်မှူကြီးသန်းရွေ

မြန်မာနိုင်ငံတွင် ယခုအချိန်၌ ဆင်ဖြူ ၅ ကောင် ရှိပြီး အများစုကို ရခိုင်ပြည်နယ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ဖမ်းမိ သော ဆင်ဖြူတော်သည် ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ငြိမ်းချမ်းသာယာခြင်းနှင့် ကံကောင်းခြင်းစသည့် အတိတ်နိမိတ်များကို ယူဆောင် လာသည်ဟု ဗိုလ်ချုပ်ကြီးများက ဆိုသည်။

သိုသော် ရခိုင်ပြည်နယ်ရှိ ပြည်သူများကား ကံမကောင်းလှဘဲ ယခုအခါ ဒုက္ခပင်လယ်ဝေနေကြရသည်။ အစောပိုင်း ခန့်မှန်းချက် များအရ ပြီးခဲ့သည့် သောကြောနေ့တွင် အင်အားပြင်ထန်းစွာ တိုက်ခိုက်ခဲ့သော ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လူ ၂၆ ဦး သေဆုံးကာ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။

မုန်တိုင်းကြောင့် ရွာပေါင်းများစွာ ပျက်စီးခဲ့ရသည်။ အဆောက်အအုံနှင့် အခြားပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားလိမ့်မည်ဟုလည်း ခန့်မှန်းရသည်။
ဤနေရာ၌ မေးခွန်းမေးစရာရှိလာသည်။ နိုင်ငံတွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံရတိုင်း စစ်အစိုးရက သတင်းမီဒီယာများအပေါ် အကန့်အသတ် ကြီးစွာထားရှိတတ်သောကြောင့် ရခိုင်ပြည်နယ်မုန်တိုင်းနှင့်ပတ်သက်၍ ပြည်သူများ သတင်းအချက်အလက်အမှန် သိနိုင်ပါ့မလား ဟူ၍ ဖြစ်သည်။
ဆိုင်ကလုန်း ဂီရိသည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ၁၆ ရက်အလို၌ ရခိုင်ကမ်းရိုးတန်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အတိတ်ကာလဖြစ်ရပ်များကဲ့သို့ပင် စစ်အစိုးရအရာရှိများက မုန်တိုင်းသင့်ခံခဲ့ရသူများအရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက် ပေးရမည်ကိုစဉ်းစားနေချိန်တွင် သံဃာတော်များ၊ ကျောင်းသားများနှင့် ပုဂ္ဂလိက အလှူရှင်များက ဒေသခံပြည်သူများကို အကူ အညီပေးကြလိမ့်မည်။

ယခုအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်အစိုးရအာဏာပိုင်များက ဦးစီးဦးရွက် ဆောင်ရွက်ပေးနေခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်နေခြင်းဟူသော သတင်း တခွန်းတပါဒမျှ ထွက်မလာသေးပေ။
မုန်တိုင်းတိုက်ပြီး နှစ်ရက်အကြာ တနင်္ဂနွေနေ့၌ ၆၅ နှစ်မြောက် ကမ္ဘာ့ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် နေ့ အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတကာ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပခဲ့သည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ခေါင်းဆောင် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်က ၂၀၀၈ ခုနှစ် အောက်မြန်မာပြည်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းအကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

“နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရပြီးတဲ့နောက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအ၀န်းရဲ့ အကူအညီတွေနဲ့ အရေး ပေါ် အခြေအနေကို ကျနော်တို့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့ပြင် မုန်တိုင်းသင့်ဒေသတွေမှာလည်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

သို့ရာတွင် ဂီရိမုန်တိုင်းနှင့်ပတ်သက်၍မူ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးမှု မည်မျှရှိသည်၊ မည်မျှထိခိုက်ဆုံးရှုံးမှုရှိသည်၊ အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများ မည်သို့ ဆောင်ရွက်ပေးမည် စသည်ဖြင့် တစုံတရာ ပြောဆိုခြင်းမရှိခဲ့။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူး ဘီရှိုး ပါရာဂျူလီ (Bishow Parajuli) က မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာအသိုင်းအ၀န်းက အကူအညီပေးရန် ဆန္ဒရှိကြောင်းနှင့် အဆင့်သင့်ရှိနေပါကြောင်း တနင်္ဂနွေနေ့က ပြောဆိုသောအခါတွင်လည်း ၀န်ကြီးချုပ်ဦးသိန်းစိန်က တုံဏိဘာဝေ နေခဲ့သည်ဟု ရန်ကုန်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

မုန်တိုင်းသင့်ဒေသများသို့ ကုလသမဂ္ဂ၀န်ထမ်းများနှင့် နိုင်ငံတကာ အန်ဂျီအို ၀န်ထမ်းများ သွားရောက်ခွင့် ပိတ်ပင်ခံထားရသည်ဟု လည်း ယင်းသတင်းရပ်ကွက်များက ဆိုသည်။

“မုန်တိုင်းသင့်ဒေသတွေကို နိုင်ငံသားဝန်ထမ်းတွေပဲ သွားခွင့်ပြုပါတယ်။ နိုင်ငံခြားသားဝန်ထမ်းတွေအတွက်တော့ အထူး ခရီးသွား လာခွင့် လိုပါတယ်”ဟု ရန်ကုန် သတင်းရပ်ကွက်တခုက ပြောသည်။

                မုန်တိုင်းတိုက်ပြီး ရခိုင်ပြည်နယ်ပြည်သူများ၏ ဖျက်ဆီးနေသောအိမ်များ.

နာဂစ်မုန်တိုင်း တိုက်စဉ်ကကဲ့သို့ပင် မုန်တိုင်းမတိုက်ခင် ဒေသခံပြည်သူများထံသို့ ကြိုတင်သတိပေးချက်များသည် တာဝန်မဲ့စွာ နှေးကွေးလွန်းလှသည်။

ရခိုင်ပြည်နယ်အတွင်း ဆင်ဖြူများဖမ်းဆီးရန် အမိန့်ပေးခဲ့သည့် ဗိုလ်ချုပ်ကြီးများသည် ထိုပြည်နယ်မှ ပြည်သူများ၏ ပူးဆွေးသောကနှင့် ဘေးဒုက္ခအတိရောက်မှုအပေါ် ကိုယ်ချင်းစာမှု ခေါင်းပါးလှသည်။

လူထုစားဝတ်နေရေးအပေါ် စစ်အစိုးရ၏ စာနာစိ နည်းပါးမှု၊ အရေးပေါ် အကူအညီများ နှေးကွေးမှုနှင့် ကြိုတင်သတိပေးရန် ပျက်ကွက်ခဲ့မှုများကြောင့် မုန်းတိုင်းသင့်ပြည်သူများသည် လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီကို ပြစ်ဒဏ်ခတ်ကြ ပေတော့မည်။

Read more...

ုမြန်မာနိုင်ငံ၌ ကမ္ဘာအဆိုးဆုံး စစ်အာဏာရှင်အဖွဲ့၏ ယုတ်မာသောအပြုအမူများ

>> Friday, October 22, 2010

ဆောင်းပါးရှင်..မျိုးချစ်ပြည်သူ

မြန်မာနိုင်ငံစစ်အာဏာရှင်အဖွဲ့သည် ကမ္ဘာပေါ်တွင် အဆိုးဆုံး အမိုက်ကန်းဆုံး အစိုရအဖွဲ့အဖြစ်မှတ်တမ်းဝင်လျက်ရှိပါသည်




 စစ်အာဏာရှင်အဖွဲ့ချုပ် ဗိုလ်ချုပ်မှုကြီးသန်းရွေ.
ဥပဒေမရှိ အာဏာကိုအသုံးပြုပြီးလုပ်ချင်တိုင်းလုပ်နေသော အာဏာရူးတဲ ပြည်သူများကို နိပ်စက်တဲ့ စစ်မိစ္ဆာခေါင်ဆောင်.


၁၉၈၈.ခုနစ်အရေးအခင်းကာလတွင်စစ်အာဏာရှင်တို့၏အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်ပုံ

၁၉၈၈အရေးခင်းကာလမှစပြီး လက်နက်အားကိုးဖြင့်ထောင်ပေါင်းမြောင်များစွာသောရဟန်းရှင်လူပြည်သူအပေါင်းကို သတ်ဖြတ်ပြီး မတရားအာဏာရယူထားသော လူဆိုးလူမိုက်စစ်ခေါင်ဆောင်များဖြစ်ပါသည်.စစ်ခေါင်ဆောင်များအဖွဲ့သည်၁၉၈၈ခုနစ်တွင် ထောင်ပေါင်းမြောင်များစွာသောရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့ပါသည်.သူတို့အာဏာတည်တံ့ဖို့အတွက် မိမိကိုယ်ကို ဘာသာရေးကိုင်းရှိင်းသောသူများအဖြစ် ရုပ်မြင်သံကြားတွင်၌သော်လည်းကောင်း သူတို့၏
သတင်းစာ၌သော်လည်းကောင် ဟန်ဆောင်လိမ်ညာပြခဲ့ပါသည်..ပြည်သူတို့ကိုလည်း မျက်စိပိတ်နာပိတ်အောင် မိုးလုံးပြည့် လိမ်ညာမှုဝါဒတို့ဖြင့်အမြဲမပြတ်လိမ်ညာနေလျက်ရှိပါသည်.၂၀၀၇ ရွေဝါရောင်ဆန္ဒပြမှုများတွင်သူတို့၏ ကိုးကွယ်သော ထောင်ပေါင်းမြောင်များစွာသော ဘုန်းကြီးများကို

အပြစ်မဲ့ ဘုန်းကြီးများ သတ်ဖြတ်ပြီး ခွေးတိရိစ္ဆာန်များကဲ့သို့ ချောင်းထဲ့မှာ လွင့်ပစ်ထားနေပုံ

 ဖမ်းဆီိးနိပ်စက်သတ်ဖြတ်ခြင်း ဘုန်းကြီးကျောင်းများကို သူပုန်စခန်းများပမာ အကြမ်းဖက်ဝင်ရောက်ပြီးတိုက်ခိုက်နိပ်စက်သတ်ဖြတ်ခြင်း အပြစ်မရှိဘုန်းကြီးများကို အကျဉ်ချခြင်းစသော ယုတ်မာသောလုပ်ရပ်တို့ဖြင့်လူမဆန်စွာရက်စက်ခဲ့ပါသည်.ပြည်သူပြည်သားများကို စားဝတ်နေရေး အဆင်မပြေအောင် အမျိုးမျိုးနိပ်စက်ပြီး နိုင်ငံခြားသို့ထွက်ပြေးအောင်သူများနိုင်ငံ၏ ကျွန်ဖြစ်အောင်

စနစ်တကျ စီမံလုပ်ဆောင်လုပ်လျက်ရှိပါသည်.. ပြည်သူပြည်သားများ ဒုက္ခရောက်မှ စစ်အာဏာရှင်အဖွဲ့များက ပျော်ရွင်ပြီး သူတို့ကို မတော်လှန်နိုင်မှာဖြစ်ပါသည်.မြန်မာပြည်သူပြည်သားများသည် သူများနိုင်ငံ၌ အောက်တန်းစား အလုပ်သမားကျွန်းအဖြစ် အိမ်းဖော်အဖြစ် စသည်ဖြင့်လုပ်ရပြီး ဆင်းရဲဒုက္ခမျိုးစုံရောက်လျက်ရှိပါသည်.၂၀၀၈ ခုနစ်တွင် မြန်မာပြည်၌ သဘာဝ ဘေးအန္တရာယ်နာဂီမုန်တိုင်ကျရောက်ပြီး သိန်းပေါင်းမြောင်များစွာသောပြည်သူများ သေကြပြီး အချိုးသောထောင်ပေါင်မြောင်များစွာသောပြည်သူတွေကလည်းဒဏ်ရာများဖြင့်ဒုက္ခအကြီးအကျယ်ရောက်လျက်ရှိခဲ့သည်. ထိုအချိန်၌ စစ်အာဏာရှင်လူဆိုးလူမိုက် နအဖအဖွဲ့တို့သည် ပြည်သူပြည်သားများကို မကူညီသည့်အပြင်ကူညီသောသူများကို ဖမ်းဆီးထောင်ချပြုလုပ်ခဲ့ပါသည်.လာကူညီသော အခြားနိုင်ငံများကိုလည်း ပိတ်ပင်တာဆီးပြီး မကူညီနိုင်အောင် စီမံဆောင်၇ွက်ခဲ့ပါသည်. နအဖအဖွဲ့

ပြောရေးဆိုရေးခွင့်ရှိသူ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ကျော်ဆန်က
 အခြားနိုင်ငံက ဒုက္ခရောက်နေသော မြန်မာပြည်သူပြည်သားများကို ကူညီစရာမလိုကြောင်း မြန်မာပြည်သူပြည်သားများ စားစရာမရှိလျင်ပူစရာမလိုကြောင်း ဧရာဝတီ၌ စားစရာ ဖားငါးစသည်ပေါကြောင်း စသည်ဖြင့် အရူးလူမိုက်ဆန်ဆန်ကမ္ဘာကို ပြောကြားခဲ့ပါသည်. အခုလည်း ဒီမိုကရေစီရူးဂေါက်ပွဲဆိုပြီးတော့ အာဏာရှင်သက်ဆိုးရှည်အောင် စစ်ယူနီဖောင်ချွတ်ပြီး သူတို့ဘဲ ဆက်လက်အုပ်ချုပ်လို့ရအောင် ပြည်သူတွေကို မျက်လှည်ပြပြီး ဆက်လက်လိမ်ညာနေလျက်ရှိပါသည်.အခုလည်း မြန်မာနိုင်ငံ၌ သုံးနေသော နိုင်ငံတော်အလံကို မီးရှိုးဖျက်ဆီးလုပ်နေပါသည်.. နိုင်ငံတော်အလံသည် နိုင်ငံတစ်နိုင်ငံ၏ အထွဋ္ဋ်အမြတ်အရာတစ်ခုဖြစ်ပါသည်.မည့်သည့်နိုင်ငံကမှ မည့်သို့အကြောင်းအမျိုးမျိုးကြောင့် မိမိ၏အလံတော်ကို မီးရှိုးဖျက်ဆီးမည်မဟုတ်ပါ.နိုင်ငံတော်အလံတော်ကို မသုံးယင်လည်း ပြတိုက်စသည်တို့ကဲ့နေရာမျိုး၌ သိမ်းထားလို့ရပါသည်.

စစ်အာဏာရှင်အဖွဲ့၏ မီးရှိုးဖျက်ဆီးခဲ့သော မြန်မာနိုင်ငံအလံတော်

အာဏာရှင်ဗိုလ်ချုပ်သန်းရွေတို့အဖွဲ့သည်မိမိ၏ အထွဋ္ဋ်အမြတ်ထားသော နိုင်ငံတော်အလံကို မီးရှိုးဖျက်ဆီးခြင်းသည် တိုင်ပြည်နင့်ပြည်သူပြည်သူများ မီးရှိုးဖျက်ဆီးမည့် အသွင်လက္ခဏာသဘောကို သက်ရောက်လျက်ရှိပါသည်. ရူးဂေါတ်ပွဲးပြီးလျင် အာဏာရှင်စစ်ခေါင်ဆောင်အဖွဲ့တွေဘဲ ဆက်လက်အုပ်ချုပ်ပြီး တိုင်ပြည်နင့်ပြည်သူပြည်သားများ၏ ကံကြမ္မာသည် မတွေးဝံလောက်အောင် ဆက်လက်ဒုက္ခရောက်ကြအုံးမည်ဖြစ်ပါသည်.

Read more...

နအဖရဲ့မင်းမဲ့ စရိုက်များ

>> Monday, October 18, 2010

ရွှေပြည်စိုး အောက်တိုဘာ ၁၈၊ ၂၀၁၀

မြန်မာနိုင်ငံမှာ နဝတ အာဏာသိမ်းချိန် ၁၉၈၈ ကတည်းက အစပျိုးခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ မင်းမဲ့စရိုက်ပာာ တဖြည်းဖြည်း ကြီးထွားလာပြီး နဝတ၊ နအဖ အာဏာပိုင် ကြီးငယ်အဆင့်ဆင့်တို့ရဲ့မင်းမဲ့ စရိုက်ကြောင့်ရာနဲ့ ချီသော ပြည်သူတွေအသက် သွေးမြေကျခဲ့ရပြီးဖြစ်တယ်။

အခုစက်တင်ဘာလဆန်း၊ ပဲခူးမြို့ မှာ ဖြစ်ပွါးတဲ့ မင်းမဲ့စရိုက်လူသတ်မှပာာ နအဖ ခေတ်တလျှောက်လုံး အဆိုးဆုံး တွေထဲက တခုဖြစ်ပါတယ်။ ဒီမင်းမဲ့စရိုက် ဖြစ်ပွါးပုံကိုကြည့်ပါ -၂၀၁၀-၉-၄ ရက်နေ့ ညသန်းခေါင်ကျော်အချိန်မှာ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်၊မြလမ်းရှိ ကာလီဖိုးနီးယား စားသောက်ဆိုင်က စားသောက်ပြီး အရပ်ဝတ်နဲ့ထွက်လာတဲ့ ပဲခူးနယ်မြေခံ ခလရ ( ၅၉ )မှ ဗိုလ်ကြီးသိန်းကြည်စိုးနဲ့ စစ်သားတွေစီးလာတဲ့ ဆိုင်ကယ်ကယ်ရီနဲ့  မောင်အောင်သူပိာန်း၊ မောင်စိုးပိုင်ဇော် သူငယ်ချင်းတစုစီးလာတဲ့ သုံးဘီးဆိုင်ကယ်ပွတ်တိုက်မိရာက ခိုက်ရန်ဖြစ်ပွါးတယ်။

ဒဏ်ရာသွားတဲ့ အရာရှိကတပ်ရင်း ပြန်ပြီးလက်နက်ကိုင်စစ်သား ၁၀ ယောက်ခန့်ခေါ်လာပြီး အဲဒီလူငယ်တွေရှိရာ ဇိုင်းဂနိုင်းတောင်ပိုင်းမှာ စောင့်ပစ် ခေတ်တဲ့အတွက် မောင်အောင်သူပိာန်း ( ၂၂ ) နှစ်မှာသေနတ်ကျည်ဆန် ၆ချက်၊ မောင်စိုးပိုင်ဇော် ( ၁၈ ) နှစ်ကသေနတ် ကျည်ဆန် (၄ )ချက် ထိမှန်ပြီးပွဲချင်းပြီး သေဆုံးသွားရတယ်။

စစ်တပ်က ကြုံးဝါး

ခလရ (၅၉) တပ်မှအရာရှိခေါ်လာတဲ့ စစ်သားတွေက လက်နက်မဲ့ထိုလူငယ်နှစ်ဦး ကိုမသေမချင်း သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်တဲ့အပြင် “ကြိုက်တဲ့ကောင်၊ စမ်းချင်တဲ့ ကောင်စမ်း… အကုန်သေကုန်မယ် စစ်တပ် ကိုလာစမ်းရင် အကုန်လုံးသေချင်းဆိုးနဲ့ သေသွားမယ်” လို့  ကျန်ပြည်သူတွေကိုပါကြုံးဝါးသွားသေးတယ်။ (ဒီဗွီဘီ၊ ခေတ်ပြိုင်၊ ဘီဘီစီ၊ ၂၀၁၀-စက်တင်ဘာ-၅၊ ၆ )။ နအဖစစ်တပ်ကဘယ်လောက် မင်းမဲ့စရိုက်လုပ်လဲဆိုတာ စာဖတ်သူတို့ သိလောက် ပါပြီ။

နအဖစစ်ဗိုလ် စစ်သားတွေပာာအရပ်ဝတ်နဲ့ အရပ်ထဲက စားသောက်ဆိုင်မှာလဲ လာစားသောက်တယ်၊ မူးပြီး အပြန်လမ်းမှာ အရပ်သားလူငယ်တစုနဲ့ ရန်ဖြစ်တယ်၊ တပ်ရင်းပြန်ပြီးလက်နက်ကိုင် စစ်သားတွေခေါ်လာပြီး သေနတ်နဲ့ အချက်ပေါင်းများစွာနဲ့ ပစ်သတ်ရုံမက ပြည်သူတွေကိုပါ ကြုံးဝါးတာကတော့ လက်နက်မဲ့ပြည်သူတွေအပေါ် ဥပဒေမဲ့ မင်းမဲ့ စရိုက်လုပ်တာကိုတော့ သည်းမခံနိုင်စရာပဲ။ လက်နက်မဲ့ ပြည်သူတွေကိုတာ ဒီလိုဥပဒေမဲ့နိုင့်ထက်စီးနင်း လုပ်ရဲတာ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကိုတော့ ကြောက်လိုက်ကြတာတုန်လို့ သွားတောင်မထိရဲဘူး။ လက်နက်ချင်းမယှဉ် ရဲကြဖူး၊ ရန်ဖြစ်တာပာာဥပဒေ အရအရေးယူလို့ ရပါလျှက်နဲ့ လက်နက်နဲ့လာအနိုင်ကျင့်တာကတော့ မြန်မာနိုင်ငံမှာဥပဒေ မစိုးမိုးတော့ပဲ ဗိုလ်ကြီးသိန်းကြည်စိုးလို လူရမ်းကားမင်းမဲ့ စရိုက်သမားတွေ ၊ ကြီးစိုးနေတယ်ဆိုတာ ထင်ရှားစေပါတယ်။

စစ်ဗိုလ်စစ်သားလူပါးဝပုံများ

(၁)ရန်ဖြစ်တဲ့ အရပ်သားလူငယ်တွေကို အသေသတ်ပြီးတာတောင် အားမရသေးလို့  “ကြိုက်တဲ့ကောင်၊ စမ်းချင် တဲ့ကောင်စမ်း…..၊စစ်တပ်ကိုလာစမ်းရင် အကုန်လုံးသေချင်းဆိုးနဲ့သေကုန်မယ်”လို့ကျေးဇူးရှင်ပြည်သူတွေကိုပါ ကြုံးဝါး သေးတယ်ဆိုတော့ ဒီနအဖစစ်တပ်ပာာ ပြည်သူ့ဆန်စားပြီး လူပါးဝနေကြတာ ဖြစ်တယ်။ သူတို့ပာာစည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့နဲ့ ပြည်သူတွေကိုသတ်ဖြတ်နေတဲ့ “သတ်မတော်” ဖြစ်နေပါတယ်။

(၂)ပြည်သူ့လုပ်စာ စားနေကြရတဲ့ ခလရ (၅၉)က စစ်ဗိုလ်စစ်သားတွေပာာ လက်နက်မဲ့လူငယ်နှစ်ဦးကို တရား ဥပဒေမဲ့လဲ သတ်ဖြတ်သေးတယ်၊ သူတို့ကပဲ အခင်းဖြစ်ပွါးတဲ့ကိစ္စနှင့် ပတ်သက်၍ သတင်းမေးလာသူများကို မပြောဆိုရန် တားမြစ်သေးတယ်။ (ဧရာဝတီ၊ ၂၀၁၀-စက်တင်ဘာ-၆) နအဖအာဏာပိုင်တွေပာာ ဘယ်လောက်လူပါးဝလဲ ဆိုတာသိ လောက်ပါပြီ။

(၃) ခလရ ( ၅၉ )က ဗိုလ်ကြီးသိန်းကြည်စိုးနဲ့ စစ်သားတွေပာာ အရပ်ဝတ်နဲ့ လာစားသောက်တယ်။ အပြန်လမ်း မှာလူငယ်တစုနဲ့ စကားများရန်ဖြစ်တယ်။ တကယ်ဆိုကလေးတွေ ဆိုးရင်တောင်မှ အရာရှိတယောက်အနေနဲ့ သူတို့တွေကို ဆိုဆုံး မသင့်တယ်၊ ခုတော့မဆုံးမတဲ့အပြင် သူတို့နဲ့ဖက်ရန်ဖြစ်၊ တပ်ရင်းကစစ်သားတွေကို ပြန်ခေါ်ပြီး သေနတ်နဲ့ပစ်သတ်ခိုင်း တယ်ဆိုတော့ ဒါပာာအရာရှိ သို့မပာုတ် လူကြီးတယောက်ရဲ့ အင်္ဂါရပ်နဲ့မညီဘူး။ ငါကစစ်တပ်ကအရာရှိပဲ၊ ငါ့မှာလက်နက်ရှိ တယ်ဆိုပြီး လက်နက်နဲ့ ပြန်လာရမ်းကားတာပာာ မင်းမဲ့စရိုက်ဖြစ်တယ်။

နအဖ ဥက္ကဌကြီးအပါအဝင် အာဏာပိုင် အရာရှိကြီးငယ်တွေက မိမိလက်အောက်ငယ်သားတွေကို ဆိုဆုံးမမှုမရှိ လို့ ဒီလိုမင်းမဲ့စရိုက်ဖြစ်နေတာဖြစ်တယ်။ တနည်းအားဖြင့် နအဖဗိုလ်ချုပ်မှူးကြီးနဲ့ ကောင်စီသင်တွေကိုယ်တိုင်က မင်းမဲ့စရိုက် လုပ်နေလေတော့ ဗိုလ်ကြီးသိန်းကြည်စိုးလို အရာရှိငယ်နဲ့ စစ်သားတွေကဒီလိုလက်ရဲဇက်ရဲနဲ့ ပြည်သူတွေကိုသတ်ရဲ နေတာပေါ့။

“သားသမီးမကောင်းမိဘခေါင်း၊ တပည့်မကောင်းဆရာခေါင်း” ဆိုတဲ့ အတိုင်း တပ်သား မကောင်းတော့ တပ်ချုပ်ကြီးခေါင်းဖြစ်တယ်။ တပ်ချုပ်ကြီးကိုယ်တိုင်က သွန်သင်ဆုံးမမှုမရှိတဲ့ အပြင်အာဏာ တည်မြဲရေးအတွက် ဥပဒေမဲ့ ၊ မင်းမဲ့စရိုက်လုပ်နေမှတော့ သူ့အားကိုးနဲ့ ဗိုလ်ကြီးသိန်းကြည်စိုးနဲ့ စစ်သားတွေပာာ လူပါးဝနေကြတာပေါ့။

နအဖတွေ လိမ်ညာနေ။

ပဲခူးလူသတ်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ ကောလာပာလ သတင်းလွင့်တာက “သေဆုံးသူ ၂ ဦးအပါအဝင် လူငယ် ၇ ဦးက စစ်သားတွေရဲ့လက်နက်တွေကိုလုယူဖို့ကြိုးစားတဲ့ အတွက်စစ်တပ်က ပစ်သတ်တယ်” ဆိုပြီး ကောလာပာလ သတင်းထုတ်လွှင့်ပါသေးတယ်။ (ဒီဗွီဘီ၊၂၀၁၀-စက်တင်ဘာ-၆)

စာဖတ်သူတို့စည်းစားကြည့်ပါ။ ဗိုလ်ကြီးသိန်းကြည်စိုးတို့ပာာ အရပ်ဝတ်နဲ့ လာစားသောက်ကြတာ ဘာသေနတ် မှမပါဘူး။ ရန်ဖြစ်ပြီးမှတပ်ရင်းပြန်ပြီး လက်နက်ကိုင်စစ်သားတွေကို ခေါ်လာပြီးရန်ပြစ်တဲ့ လူငယ်တွေကို ဇိုင်းဂနိုင် တောင်ပိုင်းရပ်ကွက်မှာစောင့် ပြီးပစ်သတ်တာကို သူတို့သေနတ်ကိုလုယူဖို့ ကြိုးစားတယ်ဖြစ်အောင် လီဆယ်ပြီး ကောလာ ပာလသတင်းလွင့်သေးတယ်။ ကလေးတွေက သေနတ်လုယူဖို့ နေနေသာသာ၊ စစ်သားတွေကို မြင်တာနဲ့ ရွံလို့၊ မုန်းလို့ သောက်မြင်ကတ်လို့ (ကြောက်တာလဲပါမယ်) အနားတောင်ကပ်ကြမှာမပာုတ်။ ဒါပာာ အများက ထင်ယောင်ထင်မှားဖြစ် အောင် လီဆယ်ပြီးပြောတဲ့ စကားဖြစ်တယ်။

ဒါ့ပြင် စစ်တပ်ကလူငယ်နှစ်ယောက်ကို သေနတ်နဲ့ အချက်ပေါင်းများစွာနဲ့ ပစ်သတ်တာကို မြန်မာ့အလင်း သတင်းစာက “အရက်မူးနေသော လူငယ်များခိုက်ရန်ဖြစ်ပွါးခြင်း”ပာုဆိုကာ နိုင်ငံရေးသမားများနှင့် ပြည်ပမီဒီယာများက ဖြစ်စဉ်ကိုခုတုံးလုပ်ကာ နိုင်ငံတွင်းရုံးရင်းဆန်ခတ်မှု ဆူပူမှုများဖြစ်ပေါ်စေရန် သွေးတိုးလှုပ်ဆော်နေသည် ပာုစွပ်စွဲသည်။ (မဇ္ဈိမ၊ယနေ့မြန်မာ ကြေးမုံ-၂၀၁၀-၉-၁၀ )

(၂၀၁၀-၉-၁၀ )နေ့ထုတ်မြန်မာ အလင်းသတင်းစာ အရ၊

အရက်မူးတဲ့ လူငယ်တွေ ရန်ဖြစ်ရုံနဲ့ သေနတ်ကျည်ဆံ ထိမှန်စရာအကြောင်းမရှိပါ၊ ဒီလူငယ်တွေဆီမှာလဲဘာ သေနတ်မှမရှိ၊ စစ်တပ်ထဲမှာသာရှိတာ။ မောင်အောင်သူပိာန်းက သေနတ်ကျည် ၆ ချက်၊ မောင်စိုးပိုင်ဇော်က သေနတ် ကျည် ၄ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေတာပာာ နအဖ စစ်တပ်လက်ချက်မပာုတ်လို့ ဘယ်သူ့လက်ချက်လို့ ဆင်ခြေ ပေးချင်သေးလဲ။ မြန်မာအလင်းသတင်းစာက လီဆယ်စွတ်စွဲသလို ဘယ်နိုင်ငံရေးသမားကမှ ဒီပြဿနာကို ခုတုံးမလုပ်၊ ဝင်မစွက်သလို ဘယ်ပြည်ပမီဒီယာမှလဲ သွေးထိုးလုံ့ဆော်တာမျိုးမလုပ်။ သူတို့က မီဒီယာကျင့်ဝတ်အတိုင်း နအဖ အာဏာပိုင်များရဲ့ မင်းမဲ့စရိုက်ကို အရှိကိုအရှိအတိုင်းရေးသားဖေါ်ပြကြတာပဲဖြစ်တယ်။

နအဖ လက်ချက်ပာုတ်မှန်ကြောင်းသက်သေထူပြီ။

ပဲခူးမှလူငယ်နှစ်ဦးပာာ ခလရ (၅၉)မှ စစ်ဗိုလ်စစ်သားတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားရတာ မှန်ကန် ကြောင်း အောက်ပါအချက်တွေကသက်သေထူနေပါပြီ။
(၁) “နအဖ အာဏာပိုင်တွေက လူငယ်နှစ်ဦးသေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းမေးလာသူများကို မပြောဆိုရန်တားမြစ်ခြင်း” အကယ်၍သာ ခလရ (၅၉) ကစစ်ဗိုလ်စစ်သားတွေရဲ့ လက်ချက်မပာုတ်ရင် သူတို့ဘာမှလာပြီး တားမြစ်စရာအကြောင်းမရှိ သူတို့လက်ချက်ဖြစ်နေလို့ သတင်းဆက်မပျံအောင်လာတားမြစ်ခြင်းဖြစ်တယ်။ ဒါကြောင့် လူငယ်နှစ်ယောက်သေဆုံးရတာပာာ သူတို့လက်ချက်ဖြစ်ကြောင်း ထင်ရှားပါတယ်။
(၂) “လူငယ်၂ယောက် သေဆုံးရတဲ့အမှုကို ကျေအေးပေးရန် ဗျူပာာမှူးဦးဆောင်တဲ့ စစ်တပ်အရာရှိများက လျှော်ကျေး အဖြစ်ငွေကျပ် ၁၀ သိန်းစီသွားပေးခြင်း”( နှစ်ဖက်လူကြီးများကလက်မခံကြ ) (ဧရာဝတီ၊ဒီဗွီဘီ၊၂၀၁၀-စက်တင်ဘာ-၆) ။

နအဖ စစ်တပ်လက်ချက်ကြောင့် မပာုတ်ရင် ကျေအေးပေးရန်၊ လျော်ကျေးပေးရန် လာပြောစရာအကြောင်းမရှိ သူတို့လက်ချက်ဖြစ်လို့ လာပြောတာဖြစ်တယ်။ဒါ့ကြောင့် ပဲခူးလူငယ်နှစ်ယောက်သေဆုံးရတာပာာ နအဖ လက်ချက်ဖြစ်ကြောင်းထင်ရှားနေပါတယ်။

(၃)“အလောင်းကြည့်ခွင့်မပေး၊ စစ်တပ်ကသင်္ဂြိုလ်မယ့် အကြောင်း အာဏာပိုင်များကပြော” (ဒီဗွီဘီ၊ဘီဘီိစီ၊ ၂၀၁၀-စက်တင်ဘာ-၆)။
အကယ်၍သာ နအဖ စစ်တပ်လက်ချက်ကြောင့် လူငယ်နှစ်ယောက်သေဆုံးရတာ မပာုတ်ရင် အလောင်းကို ကြည့်ခွင့် မပေးစရာအကြောင်း မရှိသလို စစ်တပ်က သင်္ဂြိုလ်ပေးစရာအကြောင်းလဲမရှိ။ ဒီနှစ်ချက်ကို ထောက်ခြင်း အားဖြင့် ဒီလူငယ်နှစ်ယောက် သေဆုံးရတာပာာ နအဖ စစ်တပ်လက်ချက်ကြောင့် ဖြစ်ကြောင်း ထင်ရှားစေပါတယ်။
(၄) ၂၀၁၀-စက်တင်ဘာ-၁၂ ရက်နေ့ထုတ် ဒီဗွီဘီသတင်းအရ “ပဲခူးမြို့ မှာဖြစ်ပွါးခဲ့တဲ့ စစ်တပ်ကနေ အရပ်သား ပစ်သတ်မှုမျိုးနောက်ထပ် ထပ်မံမကျူးလွန်ကြဖို့” နေပြည်တော်စစ်ရုံးချုပ်က ညွှန်ကြားချက်ထုတ်ပြန်တယ်၊ ၎င်းတို့မှာ (၁) အရာ ရှိနှင့် စစ်သည်အားလုံးအရပ်သားတွေနဲ့ ပတ်သက်ပြီးဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ပြဿနာတစုံတရာ မဖြစ်ပွါးစေရ။ (၂) စစ်သား တွေပာာမြို့ တွင်းရွာတွင်းကို အကြောင်းအမျိုးမျိုးကြောင့် သွားရမယ်ဆိုရင် လုံးဝပြဿနာမရှိ အောင် နေထိုင်ကြဖို့ တာဝန်ရှိ အဆင့်ဆင့် ကအလေးထားကြပ်မတ်ဆောင်ရွက်သွားကြရမယ်” လို့ ညွှန်ကြားချက်မှာ ဖေါ်ထားတာတွေ့ရ ပါတယ်။

ခုဆိုပဲခူးမြို့ ကလူငယ်နှစ်ယောက်သေနတ်ကျည်သင့် ပြီးသေကြရတာပာာပဲခူနယ်မြေခံ ခလရ (၅၉) ကအရာရှိနဲ့ စစ်သားတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ “နေပြည်တော်စစ်ရုံးချုပ်ရဲ့ ညွှန်ကြားချက်”ပာာ ငြင်းမရအောင်ခိုင်မာတဲ့ သာဓက သက်သေဖြစ်နေပါပြီ။

နေပြည်တော်စစ်ရုံးချုပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ အသီးသီးကိုညွှန်ကြားတဲ့ ညွှန်ကြားချက်က -(၁)ပဲခူကအောင်သူပိာန်းနဲ့ စိုးပိုင်ဇော်တို့ကို သေနတ်နဲ့ ပစ်သတ်သူတွေပာာ ခလရ (၅၉)က စစ်ဗိုလ်စစ်သားတွေဖြစ်တယ်။ (၂)ကြေးမုံနဲ့ မြန်မာ့ အလင်းနေ့စဉ် သတင်းစာတွေပာာ အလိမ်အညာတွေ ရေးသားဖေါ်ပြတယ်ဆိုတာကို တချိန်တည်းဖေါ်ပြသွားတာဖြစ်ပါ တယ်။

နောက်ထပ်ရတဲ့ သတင်းအရ ပဲခူးက လူငယ်နှစ်ယောက်ကို ပစ်သတ်ဖို့ အမိန့်ပေးတဲ့ (၁၀၁) ခြေမြန်တပ်ရင်းက နအဖ မင်းမဲ့စရိုက်ဗိုလ် ဗိုလ်ကြီးသဒ္ဓိစိုး ( ယခင် သတင်းမျာအရ ဗိုလ်ကြီးသိန်းကြည်းစိုး ) နဲ့ ခလရ ( ၅၉ ) ကအရာရှိနဲ့ စစ်သား ၁၀ ရောက်ယောက်ကို တပ်ချုပ်မှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။ ( RFA 2010-Oct-4 )

အခုနောက်ဆုံး သတင်းအရ ပဲခူးလူငယ် နှစ်ဦးကို ပစ်သတ်ခိုင်းတဲ့ အရာရှိကို အပြစ်တစုံတရာမပေးပဲ နေပြည်တော်မှာ ခေါ်ထားတယ်လို့ သိရတဲ့အတွက် ပဲခူးပြည်သူများက မကျေမနပ် ဖြစ်နေကြောင်းသိရပါတယ်။
အထက်ပါသတင်းများအရ အခင်းဖြစ်ပွါးတဲ့နေ့က နအဖအာဏာပိုင် အချို့က လွှင့်တဲ့သတင်းပာာ အလိမ်အညာ တွေ ဖြစ်သလို နအဖပိုင် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတို့ရဲ့ အရေးသားဖေါ်ပြချက်တွေပာာလဲ အလိမ်အညာတွေ ချည်း ဖြစ်တာ တွေ့ရပါတယ်။

ဒီသတင်းစာ နှစ်စောင်ပာာ ပြည်သူလူထု ဇဝေဇဝါဖြစ်အောင် သတင်းမှန်ကို အမှားဖြစ်အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာရေးသား ဖေါ်ပြတာဖြစ်တဲ့ အပြင် မီဒီယာကျင့်ဝတ်ကိုပါ ဖေါက်ဖျက်တယ်ဆိုတာ ထင်ရှားနေပါပြီ။ နအဖခေတ် တလျှောက်လုံး နအဖအာဏာပိုင် ကြီးငယ်တွေ ကျူးလွန်ခဲ့တဲ့ မင်းမဲ့စိုက်ပေါင်းပာာ ရေတွက်လို့ ကုန်နိုင်ဖွယ် မရှိလောက်အောင် များပြားနေပါတယ်။

ဒါ့ပြင်အဲဒီ နေ့စဉ်သတင်းစာ ၂ စောင်စလုံးမှာနေ့စဉ်ဖေါ်ပြနေတဲ့ -
VOA, BBC - ရန်တိုက်ပေးနေသည်၊
RFA, DVB - သွေးထိုးနေသည်၊
ခလောက်ဆန် အကောက်ကြံ
လေလှိုင်းသံ လူသတ်သမား
နားမယောင်လေနဲ့ သတိထား… လို့ရေးသားဖေါ်ပြချက်တွေပာာလဲ အလိမ်အညာတွေဖြစ်တယ် ဆိုတာ သူတို့ အချင်းချင်း ရည်ညွှန်းဖေါ်ဆောင်ထားတယ်ဆိုတာ ထင်ရှားနေတယ်။

ဒါကြောင့် ဒီနေ့ ဒီရက်ကစပြီး ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာနှစ်စောင်လုံးက ရေးသားတိုင်းကိုလည်း မယုံကြပါနဲ့၊ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်တိုင်းကိုလည်း မယုံကြပါနဲ့၊ နောက်ဆုံး နအဖ ဗိုလ်ချုပ်ကြီးတွေ ပြောတိုင်းကိုလည်း မယုံစားကြပါနဲ့၊ ယုံစားရင်ကုန်စင်အောင်မှားလိမ့်မယ့် အကြောင်း ထပ်လောင်း၍ တင်ပြအပ်ပါတယ်။
မှတ်ချက်. ဤဆောင်းပါးကို  မိုမခ၀က်ဆိုက်ကနေ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်http://moemaka.com/index.php?option=com_content&task=view&id=7430&Itemid=1

Read more...

အာဏာရှင်အဖွဲ့ ကြံ့ခိုင်ရေးဖွံဖြိုးရေးပါတီ ကြေငြာချက်

>> Tuesday, September 7, 2010

       ရဟန်းရှင်လူ တိုင်းသူပြည်သား အပေါင်းတို့ခင်ဗျား -ကျွန်တော်တို့ တပ်မတော် အစိုးရဟာ ဘယ်လောက်ထိ သူရ သီဟသူရ သုနက္ခသူရ တွေနဲ့ ပြည့်စုံတယ်ဆိုတာကို ကရင်ပြည်နယ် အပါအ၀င် နယ်စပ်ဒေသ တွေမှာ အပြစ်မဲ့ပြည်သူ အသက်ပေါင်းများစွာ သွေးအေးအေးနဲ့ သတ်ပြခဲ့ပြီးပါပြီ- အရွယ်မရောက်သေးတဲ့ သမီးပျိုလေးတွေက အစ အဖွါးအိုတွေပါမကျန် အမျိုးကောင်းသမီးပေါင်းများစွာကိုလည်း  မုဒိမ်းကျင့် ပြခဲကြ ပြီးပါပြီ- ရွာပေါင်းများစွာကိုလည်း ဓါးပြတိုက် လုယက် ရွာမီးရှိုပြခဲ့ပြီးပါပြီ
- (၈)လေးလုံး ရွှေဝါရောင်တော်လှန်ရေ တွေမှာလည်း မေတ္တာပို့နေတဲ့ သံဃာတော်တွေ  အပြစ်မဲ့ပြည်သူတွေကိုလည်း သောင်း နဲ့ချီပြီး သွေးအေးအေးနဲ့ သတ်ပြခဲ့ ပြီးပါပြီ- ဒီလိုတပ်မတော်ရဲ့ သူရ သတ္တိ သီဟသူရသတ္တိ သုနက္ခသူရသတ္တိ တွေကို ပိုမို ထင်ရှားအောင်လို့ ခု ပဲခူးမြိ့မှာ အပြစ်မဲ ကလေးငယ်နှစ်ဦးကို ဂျီသရီး မောင်;ပြန် သေနတ်တွေ စတင်ဂန်းတွေနဲ့ ပစ်သတ်ပြလိုက်တာ မြင်ကြတဲ့ အတိုင်း ပါဘဲခင်ဗျား- ဒီတော့ ဒီလိုဒီလို သီဟသူရ သတ္တိနဲ့ ပြည့်စုံတဲ့ ဗိုလ်ချုပ်ကြီး တွေဦးဆောင်တဲ့ ကြံ့ခိုင်ဖွဲ့ဖြိုးရေး ပါတီကြီး ကို လာမယ့်ရွေး ကောက်ပွဲမှာ ရာ နှုန်းပြည့် အကြွင်းမဲ့ ချွင်း ချက်မရှိ ထောက်ခံမဲပေးကြဖို့ပြည်သူအပေါင်းကို ပန်ကြားပါတယ်.

အသစ်ဖြစ်လာတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကတော့ ကျုပ်တို့ စစ်သားတွေ လုပ်ချင်သလိုသာ လုပ်ပေတော့ပဲ လူသတ်မှု ဒမြမှု မူဒိမ်မှု လုပ်ချင်လုပ်နိုင်သောအခွင့်အရေး ဥပဒေမရှိ ထာဝရ အာဏာရှင်အဖွဲ့အစည်းတည်တံခိုင်မြဲအောင် ရွေကောက်ပွဲလုပ်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါသည်.  ထိုအတွက်ကြောင့် မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ များအားလုံး  အာဏာရှင်အဖွဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ၀ိုင်းဝန်း ထောက်ခံမဲ ပေးကြပါရန်ပန်ကြားအပ်ပါသည်.

                                                                ပုံ .... 
                                                ကြံဖွံ့ ဥက္ကဌ စစ်အာဏာရုးမှူးကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွေ

Read more...

ငွေညှစ်ဂိုဏ်းပုံစံ မြန်မာ့ အာဏာရှင်အစိုရ အခွန်စနစ်

>> Thursday, September 2, 2010

သောမတ်စ်မောင်ရွှေ ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၃၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့အခွန်စနစ်သည် အလွန်ကြီးမားသော သူခိုးသူဝှက် ဂိုဏ်းကြီးဖြစ်နေပြီး မြန်မာစစ်အစိုးရသည် အခွန်နာမည်ခံကာ ငွေကြေး၊ မြေယာ၊ ပစ္စည်း၊ လုပ်အားတို့ကို လက်လွတ်စပယ် တောင်းယူနေသည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက ယမန်နေ့ကထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကွန်ရက် - မြန်မာနိုင်ငံ (ND-Burma) အစီရင်ခံစာက စစ်အစိုးရသည် `အခွန်ကောက်ခံခြင်းကို အစိုးရ၏ ပုံမှန်တရားဝင် ငွေညှစ်လုပ်ငန်းနှင့် ဖိနှိပ်မှု ကရိယာအဖြစ် ပြောင်းပစ်ခဲ့သည်´ ဟု ဆိုသည်။

ဤအစီရင်ခံစာကို အဓိကပြုစုသူမှာ သြစတြေးလျနိုင်ငံ မက်ကွားရီး တက္ကသိုလ် (Macquarie University) မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Burma Economic Watch) မှ သုတေသီ Dr. Alison Vicary ဖြစ်သည်။
မြန်မာလယ်သမားများ စိုက်ပျိုးထွက်ရှိသမျှ သီးနှံထက်ဝက်ကို အခွန်အတုပ် (သို့) အခကြေးငွေအဖြစ် ယူဆောင်သွားခြင်း ခံရသည်မှာ ပုံမှန်ဖြစ်သည်။ ယင်းငွေဖြင့် သူတို့ကို ဖိစီးနှိပ်စက်နေသော စစ်အစိုးရ ရပ်တည်ရေး ဖြည့်ဆည်းပေးနေရသည် ဟု အဆိုပါ အစီရင်ခံစာက ဆိုထားသည်။

`သူတို့ဖို့ရလွန်းလို့ ကျုပ်တို့ငတ်နေပြီ၊ အကျင့်ပျက် ခြစားထင်ရာစိုင်း မြန်မာ့ အခွန်စနစ်ကြောင့် မြင်သာရန်ခက်သည့် နစ်နာမှုများ` ဆိုသည့် စိတ်ညစ်ညူးဖွယ် အစီရင်ခံစာသည် မြန်မာ စစ်အာဏာပိုင်များက အုပ်ချုပ်ခံ ပြည်သူများအပေါ် မည်မျှဖိစီး နှိပ်စက်နေကြောင်း နောက်ထပ် သတိပေးချက်တရပ် ဖြစ်သည်။
အစီရင်ခံစာပါ တွေ့ရှိချက်တရပ်မှာ `အခွန်ပမာဏ၊ လူထုထံမှ ကောက်ယူသွားသော အရင်းအမြစ် ပမာဏနှင့် စစ်သားပမာဏ ဆက်စပ်နေခြင်းပင်´။
မြန်မာစစ်အစိုးရက တပ်မတော်သားများအတွက် အမျိုးသား ဘတ်ဂျက်ပမာဏ ခွင့်ပြုငွေကို ကန့်သတ်ထားခြင်းကြောင့် စားနပ်ရိက္ခာနှင့် လစာမလုံလောက်သော စစ်သားများက ဒေသခံလူထုနှင့် စီးပွားရေး လုပ်ငန်းရှင်လေးများထံမှ အတင်းအကျပ် ငွေညှစ် တောင်းယူကြတော့သည်။

လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်သားများ စောင့်ကြပ်နေသည့် စစ်ဆေးရေးဂိတ်များကလည်း အခွန်ကောက်စခန်းများ ဖြစ်လာသည်။ သူတို့လုပ်အားကို `လှူ၍´ ယခင်လ အနည်းငယ်က ခင်းထားခဲ့သော လမ်းများပေါ်လျှောက်ရန်ပင် မြန်မာပြည်သူများ နေ့စဉ် ငွေအတော်ကုန်ခံနေကြရသည်။

ဤသို့ငွေတောင်းနေသော အစိုးရအဖွဲ့အစည်းမှာ စစ်တပ်တခုထဲမဟုတ်ပါ။ အစီရင်ခံစာအရ မြန်မာပြည်သူများ အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရာတွင် နေ့စဉ်လိုပင် အခကြေးငွေမျိုးစုံ ပေးနေရသည်။ ထိုငွေပမာဏမှာ မြန်မာနိုင်ငံရှိ သာမန်ပြည်သူတဦး မတတ်နိုင်သည့် ပမာဏ ဖြစ်သည်။
ဆရာတယောက်လစာမှာ နေထိုင်စရိတ်နှင့် ယှဉ်လျှင် အလွန်နိမ့်ကျနေသည့် ကမ်းကုန်အောင်ဆိုးလှသော မြန်မာပညာရေးစနစ်တွင်လည်း တရားဝင်ရော တရားမဝင်ပါ အခကြေးငွေ အမျိုးမျိုးကို ပေးနေရသည်။ ယခုအစီရင်ခံစာတွင် ပလောင်အမျိုးသမီးအဖွဲ့က ၂ဝဝ၉ က ပြုစုခဲ့သော `နမ့်ခမ်းမြို့နယ်တွင် ပညာရေးအတွက် အခွန်ကောက်ခံခြင်း´ ပါ တွေ့ဆုံမေးမြန်းခန်းတခုကို ကောက်နှုတ်ထားသည်။ လူတိုင်း နေ့စဉ်ကြုံနေကျ အကျပ်အတည်းလေး တခုပဲ ဖြစ်သည်။

`ကျမကလေးက ၅ တန်းတက်ရမယ့်နှစ်ဆိုတော့ကျောင်းပြောင်းရတယ်။ ဒါနဲ့ကျောင်းထွက် လက်မှတ်အတွက်ဆိုပြီး ငွေ ၂,၅ဝဝ ပေးရတယ်။ ၅ တန်းကလေးအတွက် ကျောင်းဝင်ခွင့်က ၉,ဝဝဝ၊ ဗလာစာအုပ်အတွက်က ၁,၅ဝဝ၊ သူတို့က လိုသလောက်မရောင်းနိုင်လို့ အပြင်ကလဲ ဝယ်ရသေးတော့ နောက်ထပ် ၁,၇ဝဝ ကုန်တယ်။ စာရေးကိရိယာ၊ ပြဋ္ဌာန်းစာအုပ်ဆိုတာတွေကလဲ အပြင်ဆိုင်တွေကဈေးထက်အများကြီးမြင့်တယ်။
ဒါလဲပေးရသေးတယ်။ ဒီ တော့ငွေအများကြီးကုန်တယ်။ ဒါနဲ့ကျောင်းနှုတ်လိုက်ပြီး သူ့အမနဲ့ ရာဘာခင်းထဲအလုပ်သွားလုပ်ဘို့ လွှတ်လိုက်ရတယ်။ သူ့အမကလဲ ဒီလိုဘဲ ၇ တန်းနဲ့ ကျောင်းထုတ်ထားရတာ´။

ယခုအစီရင်ခံစာတွင် ထင်သလိုငွေကောက်နေသော မြန်မာ့အခွန်စနစ်၏ မယုံနိုင်ဖွယ် အဖြစ်များကို အသေးစိတ်ရေးသားထားသည်။ မှတ်သားလောက်သည့် ကိစ္စတခုမှာ ၂ဝဝ၈ က ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ၂၅ နံပါတ်ဖြင့်စသော တယ်လီဖုံးအသုံးပြုသူများ ဘာအကြောင်းပြချက်မှမရဘဲ တယ်လီဖုံးအသုံးပြုခွင့်ဆက်ရရေးအတွက် ငွေ ၅ သိန်းခွဲစီပေးလိုက်ရခြင်းတည်း။

အခွန်ငွေကောက်ခံရာ၌နောက်ထပ်ရယ်စရာကောင်းသည့် အဖြစ်အပျက်တခုမှာ ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က မိန်းကလေးမွေးသူများကို ကောက်ခံခဲ့သည့် အခွန်ဖြစ်သည်။ အဆိုပါအခွန်ကို ပြည်နယ်အတွင်း မိန်းကလေးမွေးထားသော မိသားစုအားလုံး သမီးမိန်းကလေးတယောက်လျှင် ငွေ ၁,ဝဝဝ နှုန်း ၂ဝဝ၇ ခုက ပေးခဲ့ကြရသည်။

ယမန်နှစ် နှစ်ဦးပိုင်းက စစ်အစိုးရသြဇာခံ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) စစ်ဆင်ရေးမှူးတဦးက သူနှင့်သူ့မိန်းမပုံပါသည့် ဓာတ်ပုံတပုံအား ၉၉၉ တပ်မဟာ ထိန်းချုပ်သည့် နယ်မြေအတွင်းရှိ အိမ်ထောင်စု အားလုံးကို မဝယ်မနေရ ဝယ်ခိုင်းခဲ့သည်။ ဤဖြစ်ရပ်သည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် မြန်မာစစ်အစိုးရနှင့် မဟာမိတ်လူယုံများ ခြိမ်းခြောက် ငွေညှစ်နေသည့် ထောင်ပေါင်းများစွာသော အဖြစ်အပျက်များထဲမှ ဥပမာတခုသာဖြစ်သည်။ (ဓာတ်ပုံ-KHRG)


မြန်မာ့အရေးအကဲခတ်များ ယခင်ကပြောခဲ့ကြဖူးသလိုပင် `မြန်မာပြည်တွင်ကောက်ခံနေသော အခွန်များသည် မြန်မာပြည်သူများလိုအပ်နေသော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ရန်မဟုတ်ပါ။ ယင်းအစား ဗဟိုအစိုးရလက်ခုပ်တွင်းသို့ရောက်သွားသော ငွေအများစုမှာ စစ်တပ်နှင့် သူတို့ကိုကျားကန်ထားသော အဖွဲ့အစည်းများဆီသို့ သာ ရောက်ရှိသွားကြသည်´။

နှစ်စဉ်အမျိုးသားဘတ်ဂျက်ထက်ဝက်ခန့်ကို စစ်တပ်က အတင်းအကျပ် လုယူဓားပြတိုက်နေခြင်းကြောင့် တမျိုးသားလုံးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုကို ကြီးမားစွာထိခိုက်စေခဲ့သည်ဟု အစီရင်ခံစာက နိဂုံးချုပ်ထားသည်။
ယခုအစီရင်ခံစာတွင် ကွင်းဆင်းသုတေသီများက မေးမြန်းထားသော တွေ့ဆုံမေးမြန်းမှုပေါင်း ၃၄၂ ခုပါဝင်ပြီး အစီရင်ခံစာကို အဓိကပြုစုသူကိုယ်တိုင်မေးမြန်းထားသည့် တွေ့ဆုံမေးမြန်းခန်းအရှည်ကြီး ၉ ခုလည်းပါဝင်သည်။ ဤအစီရင်ခံစာတွင်ဖော်ပြထားသော အခွန် ကောက်ခံမှု ၈၅ ရာနှုန်းမှာ ၂ဝဝ၈ ခုနှစ်မှ ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည်။

Read more...

်နအဖ တို့၏ မစစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်

>> Monday, October 5, 2009


ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့တွင် နအဖ စစ်အစိုးရက နိုင်ငံသားအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ၎င်းတို့၏ သတင်းစာထဲမှ တနိုင်ငံလုံးကို ကြေငြာလိုက်သည်။ ယခင်နှစ် စက်တင်ဘာလက လည်း ၉၀၀၂ဦး၊ ယခုနှစ် ဖေဖော်ဝါရီကလည်း ၆၃၁၃ဦး လွှတ်ပေးခဲ့ဘူးသည်။ တကယ့် လွတ်ငြိမ်းချမ်းသာခွင့် အစစ်အမှန်မှာ ယခုလို ဟိုထောင်က တချို့၊ ဒီထောင်က တယောက်ဆိုပြီး လူရွေးလွှတ်ပေးခြင်းမျိုး မဟုတ်။ တနိုင်ငံလုံးတွင် ပြစ်မှုပေါင်းစုံနှင့် ပြစ်ဒဏ်ကျခံနေရသူ မည်သည့်အကျဉ်းသားမျိုးကိုမဆို လွှတ်ပေးရမည်ဖြစ်သည်။
၎င်းတို့ အလုံးအခဲနှင့် ပြန်လွှတ်ပေးလိုက်သည့် သောင်းချီသော အကျဉ်းသားများထဲမှ နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်နိုင် သည့် အကျဉ်းသားများမှာ ၂၀၀ပင် မပြည့်တတ်။ တိုင်းပြည်ကို စုံးစုံးမြှုပ်အောင် ပျက်စီးကိန်းဆိုက်စေမည့် စနစ်ဆိုးတခုကို ပြု ပြင်ပြောင်းလဲလိုသူများဖြစ်သည့် နိုင်ငံရေး၊ လူ့အခွင့်အရေး၊ တော်လှန်ရေး လှုပ်ရှားသူများကို မစို့မပို့ လွှတ်ပေးရုံမျှဖြင့် နအဖ ကို ကျေးဇူးတင်စရာမလို။ ထိုသူများထက် ရာခိုင်နှုန်းများစွာ ပါဝင်သည့် ရာဇ၀တ်မှုကျူးလွန်ခဲ့သူ အကျဉ်းသားများကိုပါ တွဲ လွှတ်ပေးခဲ့သည်ကိုလည်း သတိမမူ၍ မရ။
နအဖသည် မီဒီယာကို မီဒီယာနှင့် တိုက်ခိုက်မည်ဟု ဟစ်ကြွေးပြီး လူထုကို လူထုချင်း၊ လူမျိုးတူ တိုင်းရင်းသား အချင်းချင်း၊ အစိုးရ၀န်ထမ်း အချင်းချင်း သွေးထိုးသပ်သျှို၍ ပြန်လည်တိုက်ခိုက်စေလျှက်ရှိသည်။ တိုင်းရင်းသားများထဲတွင်လည်း ကရင်ကို ကရင်ချင်း၊ ပအိုဝ်းကို ပအိုဝ်းချင်း၊ ၀ကို ၀ချင်း၊ မွန်ကို မွန်ချင်း စသည့် အိမ်ကြက်ချင်း အိုးမဲသုပ် ခွပ်ခိုင်းသည့် နည်းဗျူဟာဖြင့် နိုင်ငံရေးကို မတရားစနစ်ဖြင့် လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားလေသည်။
ဤသည်မှာလည်း တိုင်းရင်းသားပြည်သူအချို့၏ ကိုယ်ကျိုးကြည့်မှု၊ မညီညွှတ်မှု အက်ကြောင်းပေါ်တွင် ကွက်ကောင်းရှာ သည့် နအဖ၏ အကျိုးအမြတ်ပင် ဖြစ်လေသည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့ ပတ်ဝန်းကျင်ရှိ တဦးနှင့်တဦး၊ တဖွဲ့နှင့်တ ဖွဲ့ကြား ယုံကြည်မှုရှိရှိဖြင့် မလုပ်ဆောင်နိုင်အောင် တမင်ဖန်တီး အကွက်ဆင်သည့် နအဖကို ယခုမနှေး အပြုတ်မတိုက်ထုတ် နိုင်ပါက လာမည့် အနာဂတ်တွင် မိသားစုတွင်း၊ ဆွေမျိုးတွင်း၌ပင်လျှင် ယုံကြည်စိတ်ချ၍ မရတော့လောက်အောင် ပျက်စီး ကိန်းဆိုက်ရောက်ပေတော့မည်။
ယခုဆိုလျှင် နအဖက စက်တင်ဘာ သံဃာ့လှုပ်ရှားမှု (၂)နှစ်မပြည့်မီ ကျပ်ငါးထောင်တန် ငွေစက္ကူအသစ်ကို ထုတ်ဝေလိုက်ပြီး အောက်တိုဘာလ ၁ရက်နေ့မှစ၍ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မကြာသေးခင်ကပင် အကြောင်းပြချက်မဲ့စွာ ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အလုံးစုံကို ချုပ်ကိုင်ထားသည့် နအဖ၏ အာရုံလွဲ ဖန်တီးလုပ်ဆောင်မှုလည်း ဖြစ် နိုင်ကောင်းသည်။ မြန်မာပြည်သူများသည် မိမိတိုင်းပြည်ကောင်းစားရေးအတွက် ကမ္ဘာ့ပြည်သူများကို အဓိကထား စောင့်မျှော် ကိုးနေ၍ မသင့်တော်။ကုန်လွန်ခဲ့သည့်ကာလတလျှောက် နအဖကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခဲ့သည့် အမေရိကန်၏ မြန်မာ နိုင်ငံအပေါ် ထားရှိသော နိုင်ငံခြားရေး မူဝါဒပင်လျှင် ဗျူဟာပြောင်းလဲလာပြီ ဖြစ်သည်။
သို့ဆိုသော် အစစ အရာရာ ယိုယွင်းပျက်စီးနေပြီး ဆင်းရဲတွင်းချောက်ထဲသို့ နက်သထက်နက်အောင် သက်ဆင်းကျရောက်နေ သော အမိမြန်မာပြည်၏ ကံကြမ္မာကို မှန်ကန်သည့် လွတ်လပ်မှုများနှင့်အတူ ရဲရဲဝံ့ဝံ့၊ ညီညီညွှတ်ညွှတ် ကယ်တင်ဆောင်ရွက် သွားမှသာလျှင် ကျွန်ုပ်တို့ မြန်မာတိုင်းရင်းသား ပြည်သူပြည်သားများအားလုံး ငြိမ်းချမ်းသာယာသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို ဧကန်မလွဲ ရရှိကြမည်ပင်ဖြစ်ပါကြောင်း ထပ်လောင်း တိုက်တွန်းအပ်ပေသည်။

Read more...

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP