သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကရင်ပါတီ နအဖ စစ်အဏာရှင်ကြံ့ဖွံ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်

>> Monday, August 30, 2010

ရန်ကုန် (မဇ္ဈိမ)။ ။ ကရင်ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်အသွင်ကို ဆောင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်က ပြောသည်။
”ပြည်ခိုင်ဖြိုးက စနစ်တကျဖွဲ့ထားတဲ့ ပါတီလေ။ သူတို့က အင်အားလည်း ကောင်းတယ်။ သူတို့လုပ်မယ့် မူဝါဒတွေက ကျနော်တို့အတွက် လက်မခံနိုင်စရာ မရှိဘူး။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးဟာ ကျနော်တို့အတွက် ပြိုင်ဘက်လည်း မဟုတ်ဘူး။ လက်တွဲဆောင်ရွက်စရာတွေရှိရင် လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်” ဟု ကရင်ပြည်သူ့ပါတီ Karen People’s Party မှ ဦးထွန်းအောင်မြင့်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အခြေပြု ကရင်ပါတီတွင် အငြိမ်းစား စစ်မှုထမ်းများနှင့် အငြိမ်းစား အစိုးရဝန်ထမ်းဟောင်းများ အဓိက ပါဝင်ကာ ပါတီဝင် ၆ဝဝဝ နီးပါး ရှိနေပြီဟု ပါတီခေါင်းဆောင်များက ပြောသည်။


အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာတို့ကို ယင်းပါတီရုံးရှိရာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရုံးတွင် တွေ့ရစဉ်။

သူတို့က နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။
ရွေးကောက်ပွဲတွင် ပါတီအမတ်လောင်းများ အရွေးခံရလျှင် ကရင်ပြည်နယ်အတွင်းရှိ မငြိမ်သက်မှုများကို နှိမ်နင်း ဆောင်ရွက်မည်ဟု ပါတီအတွင်းရေးမှူး စောစေးဝါးက ပြောသည်။

”ဒီမိုကရေစီဟာ ချက်ချင်းမရနိုင်ဘူး။ တပ်မတော်အနေနဲ့ အခုလို ရွေးကောက်ပွဲ ကျင်းပတာဟာ စစ်တပ်ပုံစံ စနစ်တကျ ခွါစစ်ဆင်တာမျိုးလို့ ကျနော်မြင်တယ်။ ပြည်သူတွေအတွက် ကျနော်တို့အနေနဲ့ လူတန်းစားကွာဟမှု မရှိစေဖို့တော့ ဆောင်ရွက်သွားမယ်။ လူတန်းစားကွာဟမှု မရှိဘူးဆိုတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေ ပါတယ်” ဟု သူက ပြောသည်။

ကရင်ပြည်သူ့ပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ၄ဝ ကျော် တင်ခဲ့ကြောင်း ပါတီဝင်တဦးက ပြောသည်။

ရန်ကုန်တွင် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ တောင်ငူအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာက ဧရာဝတီတိုင်း ကရင်ရေးရာလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်။

စစ်အစိုးရက ထူထောင်ခဲ့သော ကြံ့ဖွံ့ပါတီနှင့် ဖက်လဲတကင်း လုပ်လိုမှုအပေါ် ပါတီဝင်အချို့က ကြိုက်နှစ်သက်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ရန်ကုန်တိုင်းရွေပြည်သာမြို့နယ် အခြေပြု ကရင်ပါတီ အတွင်းရေးမှူး စောစေ၀ါးတို့ အုပ်စုဟာ အဏာရှင် ဗမာစစ်ခွေတွေရဲ့ နောက်လိုက် ကရင်လူမျိုးတွေကို သတ်ဖြတ်မည့် ကြံရွယ်နေသော ဗမာ စစ်ခွေး သွေးဖုတ်စုတ်တဲ့ ကောင်ကြီးများဖြစ်ပါသည်.
သူပြောသော စကားတွင် ရွေကောက်ပွဲတွင် ပါတီ အမတ်လောင်များ အရွေခံရလျင် ကရင်ပြည်နယ်အတွင်းရှိ မငြိမ်သက်မှုများကို နိမ်နှင်း ဆောင်ရွက်ပေးပါမည်းဟု ကရင်ပါတီ အတွင်းရေးမှုး စောစေ၀ါး က ရက်ရက်စက်စက် ကြုံးဝါ လျက်ရှိနေပါသည်. သူ၏ ရည်ရွယ်ချက်သည် ပါတီ အမတ်လောင် အရွေခံရလျင် အဏာရှင် ဗမာ စစ်အုပ်စုတို့၏ အလိုတော်ကျ ကရင်လူမျိုးများကို သတ်ဖြတ် နိပ်စက်ပေးပါမည်း ဟု အဓိပ္ပါယ် သက်ရောက်လျက်ရှိပါသည်.
ကရင်ပြည်နယ်သည် ငြိမ်းချမ်းသာယာလျက်ရှိပြီး ကရင်လူမျိုးတွေသည် ရိုးသားဖြောင့်မတ်ကြပါသည်. မငြိမ်သက်မှုများ စသည်တို့ကို လုပ်ဆောင်ချက်မရှိပါ . ကရင်ပြည်နယ် ရှိကရင်လူမျိုးတွေကို အမျိုးမျိုးနိပ်စက် သတ်ဖြတ်ပြီး ဒေသ မတည်မငြိမ်းဖြစ်အောင် စစ်အာဏာရှင် နအဖတို့ကသာ အစဉ်မပြတ်လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်. ထိုကဲသို့  နအဖအလိုတောရိ စစ်ခွေနောက်လိုက် ကရင်ပါတီ သွေးဖုတ်စုတ်ကောင်များကို ရှင်လင်းဖိုးရန် မျိုးစစ်ကရင်တိုင်းမှာ တာဝန်ရှိပါသည်.

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP