သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကေအန်ယူ တနေ့တာ အပစ်ခတ်ရပ်စဲရန် ကြေညာ ထားသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့

>> Friday, September 17, 2010

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် တနေ့တာ အပစ်ခတ်ရပ်စဲရန် စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြေညာချက်ထုတ်ခဲ့သော်လည်း နေ့လည်ပိုင်းတွင် စစ်အစိုးရတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ယမန်နေ့က အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက် နေ့လည် ၁၁ နာရီခန့်တွင် စကခ (၁၉) လက်အောက်ခံ ခလရ (၂၈၄) တပ်များက (KNU) နယ်မြေ ဝေါ်လေဂွင်းအတွင်းမှ စခန်းကို လာတိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“၁၁ နာရီခွဲလောက်က ဖြစ်တာ ဝေါ်လေဘက်မှာ ခလရ (၂၈၄) နဲ့ တိုက်ပွဲချိန်က မိနစ်၂၀ ကြာတယ်၊ နအဖဘက်က စခန်းလာတက်လုတော့ ဖြစ်တာ၊ သူတို့ဘက်က အင်အား ၁၅၀ လောက်ပါတယ်” ဟု စစ်ဖက်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း (၃) ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နအဖဘက်မှ တပ်သား (၂) ဦး ကျဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် ဝေါလေဂွင်တွင် စက်တင်ဘာလ ၁၃ ရက်နေ့တွင် တကြိမ်၊ ၁၄ ရက်နေ့တွင် တကြိမ် ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နအဖတပ်မှ အရာရှိနှင့်အကြပ်တပ်သား (၁၀)ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားသည့် နအဖတပ်သားများသည် အရှေ့တောင်တိုင်းမှ မဖြစ်နိုင်ကြောင်းကို ၎င်းက ခန့်မှန်း ပြောသည်။ ထို့အပြင် တိုက်ပွဲဖြစ်ရာ ဝေါ်လေဂွင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) (၂၀၁) လှုပ်ရှားလျှက်ရှိပြီး နယ်ခြားစောင့်တပ် လက်မခံသော ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ် ခမ်းမွှေး)၏ ဒီကေဘီအေတပ်များနှင့် စစ်အစိုးရတပ်များ သွားလာလှုပ်ရှားနေလျှက်ရှိသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP