သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

စစ်ပြေး ကရင် ဒုက္ခသည်းများ မိန် မ များ က လေးများ အများဆုံးပါဝင်

>> Thursday, June 18, 2009


နအဖစစ်အစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် ကရင်ပြည်နယ်မှ ထိုင်းနယ်စပ်သို့ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ တွင် ကျောင်းနေအရွယ် အသက် (၁၃) နှစ်အောက် ကလေးငယ် (၈၀၀) ကျော် ပါဝင်ကြောင်း ကရင်အမျိုးသမီးအဖွဲ့ (ကေဒဗလျူအို) က ထုတ်ပြန်သည့် ယမန်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နန်းဒါးအဲ့ကလယ်က “အခု အဲဒီကလေးတွေရဲ့ ပညာရေးပိုင်းကို ကျမတို့ အသေးစိတ် ဆွေးနွေးနိုင်ကြတာ မရှိသေးဘူး။ ပညာရေးအပိုင်းနဲ့ ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆွေးနွေးရသေးဘူး။ ဘာလို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေရဲ့ ကျန်းမာရေးကို ပထမ ဦးစားပေးအနေနဲ့ ကျမတို့ ပိုအာရုံစိုက်နေရတယ်။ ရာသီပြောင်းလဲချိန်လည်း ဖြစ်နေတော့လေ။ ပြီးတော့ အစားအစာနဲ့ ရေလုံလောက်
အောင် နေရာချထားရေးဘက်မှာ တတ်နိုင်သလောက် အဆင်ပြေအောင်ပဲ ကျမတို့ အခု ကြိုးပမ်းနေရပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခုလ (၂) ရက်နေ့မှစ၍ နအဖစစ်တပ်မှ တပ်ရင်း (၅) ရင်းနှင့် ဒီကေဘီအေတပ်ဖွဲ့မှ တပ်ရင်း (၃) ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ထိုဒေသရှိ ရွာပေါင်း (၂၀) မှ လူဦးရေ (၄,၀၀၀) နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယခုတိုက်ခိုက်မှုသည် မိုးတွင်းဖြစ်သောကြောင့် စစ်ပြေးဒုက္ခသည်တို့အတွက် ပြည့်စုံဖူလုံသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် နေရေးထိုင်ရေးတို့ကို စိုးရိမ်ပူပန်နေရသောကြောင့် လောလောဆယ် ပညာရေးအတွက် အာရုံမစိုက်နိုင်သေးဘဲ ဒုတိယ ဦးစားပေးအနေခြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နန်းဒါးအဲ့ကလယ် က ပြောသည်။

နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် နို့စို့အရွယ် ကလေးငယ်များအပါအဝင် ကိုယ်ဝန်ဆောင်မိခင် အယောက် (၂၀) ခန့် ပါဝင်နေ၍ မြန်မာနအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ချက်ချင်း ရပ်တန့်ရန် နိုင်ငံတကာအနေဖြင့် မြန်မာစစ်အစိုးရကို ဖိအားပေးကြရန် ကေဒဗလျူအိုက တောင်းဆို ထားသည်။

“လူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပန်းကျကုန်ပြီ။ နှစ်ရက်သားကလေးငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ ရင်ဆိုင်ဖြတ်သန်းမှုကို တွေ့ရတော့ ဝမ်းနည်းမိသလို နအဖနဲ့  ဒီကေဘီအေ တို့ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေါသဖြစ်မိတယ်” ဟု ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP