သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

2, သင်တန်းတက်ရောက်နေသည့် ဒီကေဘီအေတပ် သားသစ်များကို စစ်မြေပြင်သို့ ပို့ဆောင်မည်

>> Friday, September 4, 2009

သင်တန်း တက်ရောက်နေသည့် ဒီကေ ဘီအေတပ်သားသစ်များကို စစ်မြေပြင် သို့ ပို့ဆောင် အသုံးချတော့မည်ဟု ဒီ ကေဘီအေ တပ်သားသစ်တချို့က ပြော ဆိုသည်။
ဇွန်လ ၂၀ရက်နေ့က ဒီကေဘီအေမှ တပ် သားနှစ်ယောက်ဖြစ်သည့် စောကျော် အဲ(၁၇)နှစ်နှင့် စောယဲယော် (၁၉)နှစ်တို့မှ မြ၀တီမြို့နယ်အပိုင် ရွေကုက္ကိုလ်ရွာတွင် သင်တန်းတလအပြီး ကေအဲန်ယူထံ ပြန်လည် ပူးပေါင်းရောက်ရှိလာရာတွင် ထို့သို့ ပြောဆိုခြင်း ဖြစ်သည်။
စောကျော်အဲပြောဆိုချက်အရ ထိုသင်တန်းဆရာမှ သင်တန်းပြီးဆုံးလျှင် တခါတည်း စစ်မြေပြင်ကို ပို့ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းတွင် ၄င်းတို့နှင့် အသက်အရွယ်ချင်းတူသည့် အရွယ် အများအပြားပါဝင်ကြောင်း၊ ကလေးအဖေတချို့လည်း ပါဝင်ကြောင်းနှင့် အဆိုပါ သင်တန်းတွင် သင်တန်းသား ၃၀၀ကျော် သင်တန်းတက်ရောက်လျှက်ရှိကြောင်း ပြောဆိုသည်။

ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာသည့် နဘူးမြို့နယ် ထီးချာရာရွာတွင် နေထိုင်သူ အဆိုပါဒီကေဘီအေ တပ်သားသစ်နှစ်ဦးကို ဒီကေဘီအေ ၉၉၉မှ တပ်ရင်းမှူးအဆင့်ရှိသူတဦးက ဖမ်းဆီးကာ အဆိုပါသင်တန်းကို ပို့ဆောင်ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း အစားအစာမလောက်မငှစားသောက်ကြရသည်ဟုလည်း စောယဲယော်က ဆိုသည်။
ဒီကေဘီအေ စစ်သားသစ်စုဆောင်းရာတွင် စစ်သားလုပ်ဆောင်နိုင်ခြင်းမရှိသူများကို ဘတ်ငွေ ၃၀၀၀၀ထိ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ငွေမပေးနိုင်ပါက ဖမ်းဆီးခံရမည်ဖြစ်သည့်အပြင် ဒီကေဘီအေ တပ်ဖွဲ့ဝင်အဖြစ် သွားရောက်တာဝန်ထမ်းရမည်ဖြစ်သည်ဟု စောကျော်အဲနှင့် စောယဲယိုတို့က ပြောဆိုသည်။
ဒီကေဘီအေ တပ်သားသစ်များ အများအပြား စုဆောင်းရခြင်းသည် ကေအဲန်ယူနယ်မြေကို သွား ရောက်စစ်ဆင်နိုင်ရန် အင်အားတည်ဆောက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူတပ်မှူးတချို့က သုံးသပ် ပြောဆိုသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP