ရက်စက်မှု နှင့် အကြင်နှာမဲ့မှု
>> Wednesday, September 9, 2009
စစ်အာဏာရှင်များ၏ရက်စက်မှုကြောင့်ကရင်လူမျိုးများ အကြီအကြယ်ဒုက္ခရောက်ခဲ့ကြရသည်.လူမျိုးခွဲခြားပြီးရက်စက်မှုကို လက်ကိုင်ထား၏
နအဖစစ်တပ်၏ လမ်းညွန်ချက်ဖြင့်စစ်တပ်နှင့်ဒီကေဘီအေးတို၏တိုက်ခိုက်မှုကြောင့် အ ပြစ်မဲ့ပြည်သူထောင်ပေါင်း များစွာတို့ မှာ ထိခိုက်သေကြေ အနာတရကြုံတွေ့ ခံစားကြရသည် ဒေသခံအပြစ်မဲ့ ကရင်အမျိုးသားထု ကျားမကြီးငယ်ထောင်ပေါင်းများစွာတို့ မှာလည်း အမှီအခို အမိုးအကာမဲ့၊ စားရမဲ့၊ သောက်ရမဲ့၊ ကူညီစောင့် ရှောက်သူမဲ့ အခြေအနေတွင် ရောက်ရှိကြုံတွေ့  ခံစားနေကြရသည်မှာလက်တွေ့ မျက်မြင်ဖြစ်ပါသည်။ နအဖတို၏ မမှန်မကန်လုပ်ဆောင်မှုကြောင့် ကရင်ပြည်နယ်တွင် ဘာမှလုပ်စားလိုမရလောက်အောင် စီပွါးရေးတွေကျဆင်ခဲ့ရပါတယ်.ထိုကဲ့သို့အခြေအနေတွေကြောင့် ကရင်လူမျိုးများသူတပါ၏ နိုင်ငံမှာ အနိမ်ခံအဖိနိပ်ခံဘ၀ဖြင့် ပင်ပန်းခဲခက်စွား လာပြီး အလုပ်လုပ်ကြရပါသည်.
ပြီးခဲ့တဲ့လက စမွတ်ပရခန် (Samut Prakan) ခရိုင်ရဲတွေက ကရင်တိုင်းရင်းသား လူမျိုးဓလေ့ ထုံစံ ယဉ်ကျေးမှုပွဲတော်တခုကို ဘာသာရေးဆိုင်ရာ အခမ်းအနား ကျင်းပနေစဉ်မှာပဲ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့ဟာ ထိုင်းမိဖုရားကြီးရဲ့မွေးနေ့ မိခင်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခမ်းအနားဟာ မိဖုရားကြီးကို သားသမီးတွေက ကျေးဇူးတင်ကြောင်းပြသ၊ အရိုအသေပေးမှုလည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်လာနေတဲ့ ဖော်ဆောင်ပြသမှုတခု ဖြစ်တယ်လို့ တွေးတောစဉ်းစားခဲ့ပါတယ်။ ကရင်တိုင်းရင်သားအလုပ်သမားပေါင်း ၁၅ဝ ကျော် ဖမ်းဆီးခံရပြီး သူတို့ကို တိုင်းပြည်ပြန်ပို့ဖို့ ထိန်းသိမ်းရေးစခန်းကို ချက်ချင်းပဲ ပို့ပစ်လိုက်ပါတယ်။အဲဒီဖမ်းဆီးခံရသူတွေထဲက အတော်များများဟာ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အတော်များများက ဒီနိုင်ငံမှာပဲ ဇနီးမယားနဲ့ သားသမီးတွေ ရှိခဲ့ကြပါတယ်။ သူတို့တွေရဲ့ မိသားစုတွေ ခံစားရမယ့် ထိတ်လန့်တုန်လှုပ်မှုနဲ့ သောကပရိဒေဝကို စဉ်းစားကြည့်ကြပါ။ အလွန်တရာ ရက်စက်မှုတစ်ရပ်ပင်ဖြစ်ပါသည် စစ်အာဏာရှင် မကောင်းဆိုးဝါ နအဖတို့၏ ဆိုးဝါးတဲ့ စနစ်တွေကြောင့် တိုင်းရင်သားပြည်သူများသူများ သူများ၏ နိုင်ငံ မှာကျွန်ခံပြီး သူတစ်ပါး၏ ရက်စက်မှုအောက်မှာ အလုအလဲခံစားနေကြရပါသည်.
ခန့်မှန်းခြေအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ရှိနေပါတယ်။ အများစုဟာ တရားဥပဒေ ကင်းမဲ့နေတဲ့ မြန်မာနိုင်ငံက ခြိမ်းခြောက်ငွေညှစ်မှု ရက်ရက်စက်စက် မတရားလုပ်မှုနဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ ဆင်းရဲမှုဒဏ်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ လူနည်းစု တိုင်းရင်းသားလူမျိုးတွေ ဖြစ်ကြပါတယ်။ ကရင်လူမျိုးတွေ ကျပြန်တော့လည်း ဖိနှိပ်ပစ်ရမယ့် အန္တရာယ်ကြီးတဲ့ ပြိုင်ဘက်ရန်သူတွေအဖြစ် သဘောထားခံကြရပါတယ်။ထိုင်းနိုင်ငံမှာတော့ အဲဒီလူတွေဟာ ကျွန်ခံနေရသလို လုပ်နေကြရတာပါ။ တကယ်လို့များ ထိုင်းအလုပ်သမားတွေဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ဒီလိုမျိုးဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျွန်တော်တို့တတွေက အဲဒီလိုလူမဆန်မှုမျိုးကို ဒေါသပေါက်ကွဲကြမှာပါပဲ။
မြန်မာနိုင်ငံ၏ မင်းဆိုးမင်းမိုက် မကောင်းဆိုးဝါ စစ်အာဏာရှင်ရဲ့ လက်ချက်ကြောင့် ကရင်လူမျိုးများအပါအ၀င် မြန်မာနိုင်ငံသားအားလုံး ဒုက္ခ အကြီးအကျယ်ရောက်နေရပါသည်.
နအဖ တို့၏ လူမျိုးခွဲခြားရေး အမျိုးသားဝါဒကို ပြန်ပြီးစဉ်းစားကြရပါမယ်။ မည့်သည့်တိုင်းရင်းသားလူမျိုးများကို နေရာမပေး အကြီအကျယ်နိပ်စက်တိုက်ခိုက်မှုကို အမြဲမပြတ်လုပ်ဆောင်လျက်ရှိနေပါသည်. ဤအကျိုးဆက်ကြောင့်တိုင်းရင်သားပြည်သူလုထူများ စားစရာ နေစရာမရှိလောက်ဒုက္ခသောကတွေနှင့်အမြဲမပြတ်ရင်ဆိုင်နေရပါသည်.
ဖိနှိပ်ခံရသူတွေရဲ့ ကိုယ်ရေးဖော်ဆောင်မှု ချိုးနှိမ်ခံစိတ်ဟာ အလွယ်တကူ ရုပ်ဆိုးတဲ့အဖြစ်မျိုးကို ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ သားသမီးတွေကို ကယ်တင်ဖို့နဲ့ ငါတို့၏ို့တိုင်းပြည်ကို တိုင်းရင်းသားလူမျိုးစု အကြမ်းဖက်မှုတွေကိုပယ်ဖျောက်ပြီး ကယ်တင်ဖို့ လူမျိုးခွဲခြားမှုကို ပယ်ဖျောက်ပစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ တိုင်ပြည်တိုးတက်အောင်း စီပွါးအောင်လုပ်ရန်အတွက် တိုင်းရင်သားပြည်သူအားလုံး ရင်သားကြေားသားမခွဲးခြားဘဲ အတူတကွ ညိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်သွားရန်လိုအပ်ပါသည်.

0 comments:
Post a Comment