သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

“ဝ” ဒေသတွင် နအဖ အဏာရှင် စစ်အစိုရ စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့်ပြီးတိုင်းရင်းသားများကို တိုက်ခိုက်ဘို့ရန်ပြင်ဆင်နေ

>> Tuesday, September 29, 2009

တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့များ ထိန်းချုပ် ထားသည့် ဒေသတွင် မြန်မာ စစ်အစိုးရ တပ်များက စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့်ထားကြောင်း သိရှိရသည်။
အဆိုပါ စစ်အစိုးရတပ်များက မိုင်းလား နှင့် ပန်ဆန်း ဒေသများရှိ UWSAအဖွဲ့များ၏ လှုပ်ရှားမှုနယ်မြေနှင့် မျက်နှာချင်းဆိုင်ရှိသော ဒေသတ၀ိုက်အတွင်း တပ်ရင်း ၅၀ ခန့်ကို ထပ်မံတိုးမြှင့်ထားခြင်းဖြစ်သည်။
SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက“ကိုးကန့် ကိစ္စပြီးသွားတဲ့နောက်ပိုင်း နအဖ တပ်တွေက တပ်အင် အား ရုပ်သိမ်းထားတာတွေ မရှိဘူး၊ မရုပ်သိမ်းတဲ့အပြင် တပ်အင်အားတွေ ဖြည့်ထားတယ်လို့သိရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဝ တပ်ဖွဲ့မှ အရာရှိများ၏ ပြောဆိုချက်အရ တပ်ရင်း ၅၀ ခန့်ကို တိုးချဲ့ထားပြီး ယင်း ဒေသအတွင်း တြိဂံတိုင်း စစ်ဌာနချုပ်မှ တပ်မများ အပါဝင် တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ပါဝင်ကြောင်းလည်း စိုင်းလောင်ဆိုင်း ကဆိုသည်။
ကိုးကန့်ဒေသတွင်လည်း ယခင်က စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက် ကိုင်မြို့ တောင်ဘက် နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ် ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်းများရှိနေသေးကြောင်း သိရသည်။
ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့်ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေးထားကြောင်း စစ် တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်( NDD )မှ စစ်ရေးလေ့လာသူ ဦးဌေးအောင်ကမူ စစ်အစိုးရက အပစ်အခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေးအတွက် နောက်ဆုံး အဖြေ ပေးရန်ယခုကဲ့သို့ ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“စစ်အစိုးရ ကမ်းလှမ်းချက်ကို လက်ခံ လက်မခံဆိုတာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အားလုံးကအဖြေပေး ရမယ်၊ အဖြေပေးရမယ့်ရက်ကလည်း နီးနေပြီဆိုတော့ အဲဒီအပေါ်မှာ နအဖက စစ်ရေးပြင်ဆင်တာတွေ စစ်ရေး ခြိမ်းခြောက်တာတွေလုပ်လာတယ်လို့ထင်တယ်”ဟု ဦးဌေးအောင်ကပြောသည်။
စစ်အစိုးရက အပစ်အခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေး အတွက် အဖြေပေးရန် ၆ လခန့် အချိန်ပေးထားရာ လာမည့် အောက်တိုဘာလအတွင်း နောက်ဆုံးဖြစ်သည်။
“ဝ” နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေးယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အလားတူ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရက လက်နက်ကြီးတပ်ခွဲ တခွဲကို ထပ်မံချထားသည်။ ၎င်းအပြင် ပြည်တွင်းဒုက္ခ သည်စခန်း တခုဖြစ်သော ခလော့ ခနီ ရွာအနီးတွင် ရဲစခန်းတခုဖွင့်လှစ်ရန် မွန်ပြည်သစ်ပါတီအား စစ်အစိုးရက တောင်းဆိုထားကြောင်း မွန်ပြည်သစ်ပါတီ နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
၂၀၁၀ ပြည့်နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရက အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့် တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက် စစ်ရေးအရလည်းကောင်း၊ စစ်အစိုးရ သတင်းစာများတွင် ရေးသားခြင်းဖြင့် လည်းကောင်း ဖိအားများပေးလာရာ အပစ်ရပ်အဖွဲ့များအနေဖြင့် တခြားရွေးချယ်စရာလမ်း မရှိတော့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP