နအဖ စစ်သားများကိုကြောက်တယ်
>> Friday, September 25, 2009
အဖွားရယ်…နင်ဘယ်သွားသွား ချန်မထားနဲ့ နင်ဘယ်ပြေးပြေး ငါလိုက်ပြေးမယ် နင်ငတ်သေလည်း ငါလိုက်သေမယ် နအဖ စစ်သားများကို ငါကြောက်တယ်။
အဖွားရယ်…ငါတို့ အိမ်မှာ နေချင်ပါတယ်ဒါပေမယ့်လည်းမနေရဲဘူး၊ နအဖ စစ်သားများကို ငါကြောက်တယ်၊
ငါတို့ ပညာသင်ချင်ပါတယ်ဒါပေမယ့်လည်းငါတို့ကျောင်းကို မသွားရဲဘူး နအဖ စစ်သားများကိုကြောက်နေရတယ်။
ငါတို့တောင်ယာ မဝေးပါဘူး၊ဒါပေမယ့်လည်းမသွားရဲဘူး၊ နအဖ စစ်သားများကို ငါကြောက်နေရတယ်
ငါတို့ နွားကို သူတို့ ဆွဲသွားတာ ငါမြင်ပါတယ်၊ဒါပေမယ့်လည်းမပြောရဲဘူး နအဖ စစ်သားများကို ငါကြောက်တယ်။
ငါ့မိဘကို သူတို့နှိပ်စက်တာ ငါမြင်ပါတယ်၊ဒါပေမယ့်လည်းမအော်ရဲဘူး နအဖ စစ်သားများကို ငါကြောက်တယ်။
ငါ့မိဘကို သူတို့ သတ်တာ ငါမြင်ပါတယ်ဒါပေမယ့်လည်းမငိုရဲဘူး နအဖ စစ်သားများကို ငါကြောက်တယ်။
ဟိုမှာ… ဟိုမှာ…စစ်သားကြီးတွေသေနတ်တွေနဲ့ငါတို့ရှိရာ လာနေကြပြီငါ့ကို ချစ်ရင် ဖက်ထားပေးပါ နအဖ စစ်သားများကို ကြောက်လို့ပါ နအဖ စစ်သားများကို ကြောက်လို့ပါ နအဖ စစ်သားများကို ကြောက်လို့ပါ။
(ဇွန်လ ၁၅ရက်။ ၂၀၀၉) ကရင်သတင်းစဉ် ၀က်ဆိုက်မှ ကူယူသည်
0 comments:
Post a Comment