တပတ်အတွင်း ဒီကေဘီအေစစ်သားနှင့် နအဖစစ်သား ၃၀ကျော် ကေအဲန်ယူနယ်မြေတွင် ထိခိုက်သေဆုံး
>> Friday, September 4, 2009
ကေအဲန်အယ်လ်အေ စစ်ဦးချုပ် ဗိုလ်ချုပ်မူတူးစေးဖိုးနှင့် တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စာဂျော်နီတို့ကို ကေအဲန်ယူထိမ်းချုပ်နယ်မြေတနေရာတွင် တွေ့မြင်ရပုံ။
သြဂုတ်လ ၂၂ရက်နေ့မှ ၂၈ရက်နေ့အတွင်း ကေအဲန်ယူလက်အောက်ခံတပ် ကေအဲန်အယ်လ်အေမှ တပ်မဟာ ရနယ်မြေရှိ ဒီကေဘီအေတပ်ဖွဲ့ဝင်များကို လိုက်လံပစ်ခတ်ချေမှုန်းရာတွင် တိုက်ပွဲပေါင်း ၁၀ကြိမ်ထက်မက ဖြစ်ပွားခဲ့ပြီး ဒီကေဘီအေ စစ်သား ၂၀ကျော် ဒဏ်ရာရရှိကာ ၃ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ သိရသည်။
နေရာ ၇နေရာတွင် တိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ရှိုးထ၊ နိုးထာခိုး၊ မယ်ခူးထ၊ ဘိုးနော်လေ့၊ ဆောထာ၊ မိုးပါခို့နှင့် လေးဝါး၊ လေးဝါးနှင့် ဆောထဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကေအဲန်ယူ တပ်မဟာ ၂(တောင်ငူခရိုင်)တွင်လည်း သြဂုတ်လ ၂၀ရက်နေ့မှ ၂၃ရက်နေ့အတွင်း ကေအဲန်ယူနယ်မြေအတွင်း ၀င်ရောက်လာသည့် နအဖစစ်တပ်ကို ကေအဲန်အယ်လ်အေမှ လိုက်လံ ပစ်ခတ်ရာတွင် ၅ဦး ဒဏ်ရာရရှိကာ ၂ဦး သေဆုံးသွားသည်ဟု ကေအဲန်ယူမှ သတင်းထုတ်ပြန် ထားသည်။
0 comments:
Post a Comment