သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

မြေမြှုပ်မိုင်းကြောင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်တစ်ဦး ခြေတစ်ဖက်အဖြတ်ခံရ

>> Monday, September 7, 2009

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၏ မြောက်ဘက် မဲကသာတောအတွင်း တပ်စွဲထားသည့်ဒီကေဘီအေတပ်သားတစ်ဦးက မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်အဖြတ်ခံရသည်။လွန်ခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကရင်အ မျိုးသားအစည်းအရုံး (ကေအန်ယူ) တို့၏ထိန်းချုပ်ရာနယ်မြေအတွင်း ဝင် ရောက်တပ်စွဲထားသည့် ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) က လိုထူးဖော ဗျူဟာလုံခြုံရေးတပ်ခွဲမှူး ဗိုလ်ကြီးစောအေဝမ်း၏ တပ်သား တစ်ဦးကမြေမြှုပ်မိုင်းနင်းမိသည်။“ဗိုလ်အေဝမ်းရဲ့တပ်သားတစ်ဦးက မိုင်းနင်းမိတယ်၊ အဲဒီနေ့မှာ ဘုရားသုံး ဆူကို သယ်လာပြီးတော့ ကန်ချနပူရီဆေးရုံကို ချက်ချင်းပို့လိုက်တယ်၊ မနေ့က ကြားတာကတော့ အဲဒီတပ်သားရဲ့ ခြေတစ်ဖက်ကို ပေါင်ထိဖြတ် လိုက်ရတယ်” ဟု ဒီကေဘီအေအသိုင်းအဝိုင်းနှင့် နီးစပ်သူ ဘုရားသုံး ဆူမြို့ခံတစ်ဦးက ပြောပြသည်။လွန်ခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့တွင် ဒီကေဘီအေတပ်များနှင့်အတူ မြန်မာစစ်အစိုးရ၏ ခလရ ၂၈၃ မှ တပ်သားအင်အား ၃၀ ခန့်ကလည်း မဲကသာတောအတွင်းသို့ ဝင်ရောက်တပ်စွဲထားပြီး ဖြစ်သည်။“ဒီလိုမျိုး ကေအန်ယူနယ်မြေအတွင်းမှာ မိုင်းနင်းမိတာကတော့ ဒါပထမ အကြိမ်ပဲ ကြားဖူးတယ်၊ ကြားဖူးတာကတော့ ဒီကေဘီအေတပ်စွဲထားတဲ့ နယ်မြေတွေမှာဆိုရင် မိုင်းနင်းမိတာတော့ ရှိတယ်” ဟု ၄င်းမြို့ခံက ပြောသည်။လွန်ခဲ့သည့် ၂၀၀၅-၂၀၀၇ ခုနှစ်ခန့်တွင် ဒီကေဘီအေတပ်စွဲထားသည့် ဘု ရားသုံးဆူမြို့၏အပြင်ဘက် တောင်ဝိုင်းအနီးအနားတဝိုက်တွင် ကရင်ရွာ သားများ မိုင်းနင်းမိဖူးကြောင်းလည်း ၄င်းက ဆက်ပြောသည်။“မဲကသာရွာဟောင်းမှာ ဒီကေဘီအေနဲ့အတူ မြန်မာတပ်ပါ ဝင်လာတယ်၊
စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ခမရ ၂၈၃ က ရွာရဲ့တောင်ဘက် ပန်းပဲကုန်းကို ရောက်သွားခဲ့တယ်၊ သူတို့တပ်သားတော့ ဘာမှမဖြစ်ဘူး၊ နောက် ၅ ရက်နေ့မှာကျတော့ ဒီကေဘီအေတပ်တွေ အဲဒီပန်းပဲကုန်းကို ထပ်သွားပြန်တော့ တပ်သားတစ်ဦး မိုင်းထိသွားတာပဲ” ဟု မဲကသာရွာ သားတစ်ဦးက ပြောသည်။၎င်းတပ်သား နင်းမိသည့်မိုင်းသည် မည်သည့်အဖွဲ့အစည်းမှ ထောင်ထား သည့်မိုင်း ဖြစ်သည်ကို အတည်မပြုနိုင်သော်လည်း ကေအန်ယူထိန်း ချုပ် ရာနယ်မြေ မဲကသာဒေသတစ်ဝိုက်တွင် ယခုကဲ့သို့ ဖြစ်လေ့ဖြစ်ထမရှိဟု ဒေသခံတို့က ပြောဆိုကြသည်။မဲဆောက်အခြေစိုက် Burma issue အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၀၈ ခုနှစ် (Landmines monitor) ထုတ်ပြန်ချက်အရ မြေမြုပ်မိုင်းကြောင့် သေဆုံး သွားသည့်လူဦးရေမှာ တစ်နှစ်ထက် တစ်နှစ် နှစ်ဆပိုများလာသည်။ ၂၀၀၆ ခုနှစ်က ၂၀ ယောက်ခန့်နှင့် ၂၀၀၇ ခုနှစ်တွင် ၄၇ ယောက် သေဆုံးမှု ရှိသည်။၎င်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းတို့အနက် ထက် ဝက်ခန့်က မြေမြှုပ်မိုင်းအန္တရာယ်အောက်တွင် ရှိနေဆဲပင် ဖြစ်သည်။မြေမြုပ်မိုင်းသည် အများအားဖြင့် ကရင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားမှု များပြီး၊ မြန်မာစစ်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့၏ လှုပ်ရှားရာ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်၌ ဖြစ်ပွားလေ့ရှိသည်ဟု ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) သတင်းစာမျက်နှာ၌ဖော်ပြထား သည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP