သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

နအဖအကျဉ်းထောင်တွင်ညဉ်းပန်းနိပ်စက်မှုများ

>> Tuesday, October 6, 2009

အမေရိကန်နိုင်ငံသားတဦးအပါအ၀င် ရဟန်းရှင်လူများကို စစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု မကြာခင်က ပြန်လွတ်လာသူတဦးက ပြောသည်။ယခင်လကုန်ပိုင်းက ရန်ကုန်မရမ်းကုန်းရှိ အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တဦးဖြစ်သူ ကိုတိုးအောင်က ပြောကြားသည်။ ၎င်းကရွေဝါ ရောင်နှစ်ပတ်လည်အတွက် စာရွက်စာတမ်းဖြန့်ဝေမှုနဲ့ ကျနော့်ကို မသင်္ကာမှုနဲ့ အရင်လ (၁၁) ရက်ကနေ (၂၆) ရက်နေ့ထိ အောင်သပြေစစ်ကြောရေး စခန်းမှာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးတာခံခဲ့ရပါတယ်။ အဲဒီမှာရောက်နေတဲ့ အမေရိကန်က ကိုညီညီအောင်၊ ရခိုင်ကျောင်းသားလူငယ်အဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က လူငယ်တွေနဲ့ ဘုန်းကြီးတွေက သူတို့ ညှဉ်းပန်းနှိပ်စက်ခံကြရတာတွေကို ပြောပြကြတယ်” ဟု ပြောသည်။“ကျနော့်ကိုတော့ ကမာရွတ်ရဲစခန်းက ဒု-ရဲအုပ်ဆန်းဦးနဲ့ အောင်သပြေစစ်ကြောရေးမှ အောင်ဆန်းမြင့်တို့က လက်သီးနဲ့ထိုးတယ်၊ တုတ်နဲ့ရိုက်တယ်၊ မျဉ်းလုံးနဲ့လှိမ့်တယ်၊ (၃) ရက်ကြာတယ်၊ ထမင်းမကျွေး ရေမတိုက်ဘဲ ညှဉ်းပန်းတာခံရတယ်။ ကိုညီညီအောင်လည်း အဲလိုနှိပ်စက်တာခံရတယ်လို့ ကျနော့်ကို ပြောပြပါတယ်” ဟု ၎င်းက ဆက်ပြောပြသည်။အခြားညှဉ်းပန်းနှိပ်စက်ခံရသူများမှာ ရခိုင်ကျောင်းသားလူငယ်များအဖွဲ့ (အေအေအက်စ်ဝိုင်စီ) မှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုအောင်ဇံသိန်း (ခ) မောင်မောင်၊ ကိုကျော်ဝင်း၊ ကိုဆွေသန်း၊ ကိုထွန်းလင်းကျော်၊ ကိုဇော်ထွန်းနိုင်နှင့် ဘုန်းတော်ကြီးအရှင်ရေ၀တ (ပခုက္ကူ) တို့ဖြစ်ပြီး ၎င်းတို့ကို ဖောက်ခွဲရေးသမားများဟုဆိုကာ စစ်ဆေးလျက်ရှိသည်။မျိုးဆက်သစ်လူငယ်များအဖွဲ့ (ဂျီဒဗလျူ) မှ ကိုရဲကျော်သူ၊ အရှင်ရေ၀တနှင့် ရန်ကုန်ငါးထပ်ကြီး လိပ်ပြာကန်ကျောင်းတိုက်မှ အရှင်ဃောသိတတို့လည်း ညှဉ်းပန်းနှိပ်စက်မှုခံကြရသည်ဟု ၎င်းက ပြောသည်။လက်ရှိ အောင်သပြေစစ်ကြောရေးတွင် ဘုန်းတော်ကြီး (၇) ပါးရှိပြီး အရှင်ရေ၀တ (အေအေအက်စ်ဝိုင်စီ)၊ အရှင်ရေ၀တ (ဂျီဒဗလျူ)၊ အရှင်ဝိသုတ (ချောက်)၊ အရှင်ဃောသိတ၊ အရှင်ဝါယမ၊ အရှင်ဝိသုတ(ပခုက္ကူ) နှင့် အခြားဘွဲ့မသိရသည့် သက်တော် (၅၀) ကျော်တပါးတို့ဖြစ်ပြီး အမျိုးသမီးအကျဉ်းသူ (၂) ဦးလည်းရှိသည်။ကိုတိုးအောင်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံးသို့ရောက်ရှိလာပြီး ၎င်းကြုံတွေ့ခဲ့သည့် အနေအထားများကို ဒေသခံသတင်းထောက်များအား ယနေ့နံနက်တွင် ပြောကြားခြင်းဖြစ်သည်။၎င်းသည် တနင်္သာရီတိုင်း လူငယ်တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ရုံးချုပ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်နေစဉ် ၀တ္တရားနှောင့်ယှက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုံနှိပ်ဥပဒေ စသည့်စွဲချက်များဖြင့် ၁၉၉၅ ခုမှ ၁၉၉၇ ခုအထိ တကြိမ်၊ ၁၉၉၈ ခုမှ ၂၀၀၅ ခုအထိတကြိမ် အဖမ်းခံရကာ ရန်ကုန်နှင့်မန္တလေးထောင်တွင် ထောင်ဒဏ် (၁၁) နှစ်နီးပါး ကျခံခဲ့ရသူ ဖြစ်သည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP