သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ရှမ်းအရှေ့မြောက်ဒေသ ၀တိုင်းရင်းသားများကို ထိုးစစ်ဆင်သတ်ဖြတ်ဘို့ရန် အာဏာရှင်စစ်အစိုရက အသင့်ဖြစ်နေ

>> Saturday, October 10, 2009

အပြစ်မဲ့တိုင်းရင်သားပြည်သူများကို နိပ်စက်သတ်ဖြတ်နေတဲ့ အာဏာရှင်စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ)နေထိုင်ရာ ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ ကျွမ်းကျင်ပြီးရက်စက်ကြမ်းကြုတ်သောအတွေ့အကြုံ ရှိ သည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။ မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။

တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို ထိုးစစ်ဆင်တဲ့အခါ အပြစ်မဲ့ပြည်သူတွေကို ဘယ်လို့ ဓါပြတိုက်လုယက်သတ်ဖြတ်ရမည်ဆိုတာတွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု တပ်မတော်အရာရှိတစ်ဦးက ပြောသည်။ အာဏာရှင်စစ်အစိုရသည် မြန်မာပြည်တွင်၌ နေထိုင်တဲ့အပြစ်မဲ့ တိုင်ရင်သားပြည်သူများကို အကြောင်းအမျိုးမျိုးပြပြီး အစဉ်မပြတ် နိပ်စက်သတ်ဖြတ်လျက်ရှိပါတယ်. အပြစ်မဲ့တဲ့ ကရင်တိုင်းရင်းသားများကို ထိုးစစ်ဆင်ပြီး သတ်ဖြတ်လိုက် ရှမ်း မွန်း ကိုကန်း စသည့်တိုင်ရင်သားများကို သတ်ဖြတ်လိုက် စသည်ဖြင့် ကိုယ့်ပြည်သူပြည်သားများ ကို သတ်နေတဲ့ ကမ္ဘာကျော်အာဏာရှင် အစိုရအဖြစ် ထင်ရှာကျော်လျက်ရှိပါသည်.အခုလည်း ရှမ်းပြည်နယ်ရှိ ၀ဒေသရှိအပြည်မဲ့ပြည်သူပြည်သားများကို တိုက်ခိုက်ထိုးစစ်ဆင်သတ်ဖြတ်ဘို့ရန် စနစ်တကျအသင့်ပြင်ဆင်ထား နေပြီးဖြစ်ကြောင်းသတင်ရရှိပါသည်


်ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် နအဖတို့၏ ရပ်တည်ချက်များ နအဖ အာဏာရှင်ကျွန်းများအဖြစ်မလက်ခံပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။

ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP