ရက်စက်ယုတ်မာတဲ့အာဏာရှင် စစ်အစိုရလုပ်ရပ်မှုများ
>> Sunday, February 14, 2010




ဒါတွေကို ကရင်လူမျိုးတွေ မေ့လို့မရဘူး မေ့လို့မဖြစ်ဘူး ဒါကရင်လူမျိုး သင့်ညီအစ်ကို တွေ ကိုလူမဆန်စွာ နအဖ စစ်တပ်ရဲ့ မတရားသတ်ဖြတ် အနိုင်ကျင့်တာခံနေရတယ်
ကရင်လူမျိုးတွေ အကြောင်းမဲ့ အပြစ်မရှိ အသတ်ခံနေရပါတယ်။ သခင်ကိုယ်တော်မှိုင်းလက်ထက်ကတည်
ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ယခုနှစ်ဆန်းပိုင်းမှစ၍ နအဖ လှုပ်ရှားတပ်များ ဝင်ရောက် လာပြီး ခမရ(၃၆၇)တပ်ရင်းက ရွာသားနှစ်ဦးကို ပစ်သတ်ကာ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရ သည်။ ခဲဒဲကျေးရွာအုပ်စုအတွင်း စစ်ရေး လှည့်လည်လှုပ်ရှားသည်ကို ဒေသခံ ရွာသူရွာသားများက အတွေ့မခံရဲ ဘဲ တောထဲသို့ ထွက်ပြေးရှောင်ပုန်းခဲ့ပြီး နေအိမ်တွင် ပစ္စည်းများ ပြန်ယူသည့် ခဲဒဲရွာသား စောမြကော်ထူး ၄၈နှစ်ကို ဇန်န၀ါရီလ ၁၇ရက်နေ့တွင် ပစ်သတ်ကာ ရွာထဲရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ စောမြကော်ထူးတွင် ဇနီးနှင့် လူမမယ် ခလေး (၆) ယောက် ကျန်ရှိခဲ့ပါသည်။
အဆိုပါတပ်ဖွဲ့သည် ဇန်န၀ါရီလ ၁၉ရက်နေ့တွင် ကျောက်ကြီးမြို့နယ် တူဝေါ်စိုးရွာသို့ရောက်ရှိလာပြီး ရွာသား စောအယ်ထူးကိုလည်း ရွာထဲတွင်ပင် ပစ်သတ်လိုက်ကြသည်။ စောအယ်ထူး မှာလဲ ဇနီးနှင့် ခလေးငယ် (၅) ယောက် ကျန်ရှိခဲ့ပါသည်။
နအဖ တပ်ရင်းများ၏ လှုပ်ရှားမှုများကြောင့် ခဲဒဲကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၀ရွာကျော်မှ ရွာသူရွာသားပေါင်း ၁,၀၀၀ကျော်သည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများနှင့် အိုးအိမ်များကို ချန်ထားခဲ့ရကာ တောထဲသို့ ထွက် ပြေးပုန်းရှောင်နေရပြီး လက်ရှိအချိန်တွင် စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေကြရသည်ဟု နယ်စပ်သတင်းများအရ သိရ သည်။
အလားတူ ခမရ(၃၇၀) လှုပ်ရှားနေသည့် မုံးမြို့နယ်၊ ပလေခီးကျေးရွာမှ ရွာသား ၃ဦးသည် ဇန်န၀ါရီလ ၁၈ရက်နေ့တွင် ၎င်းတို့၏ စိုက်ပျိုးရေးခြံသို့ သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ယခုအချိန်ထိ ပျောက်ဆုံးလျှက်ရှိသည်။
တရွာလျှင် အိမ်ခြေ ၁၀မှ ၂၀အထိသာရှိသော ခဲဒဲ၊ ခေါထောခီး၊ တကော်ဒဲ၊ သခယ်ဒဲ၊ ခေါထာ့၊ လယ်ထောလူ၊ ပလေခီး၊ ဒေး ဘောခီး၊ မူခီး၊ ထီးလော်ခီး၊ ခိုးလူ၊ တော်ငယ်ဒဲနှင့် တူဝေါ်စိုး စသည့်ကျေးရွာများသည် ကျောက်ကြီး-မူသယ် ကားလမ်း၏ တောင်ဘက်ခြမ်းတွင် တည်ရှိသည့် ရွာပုန်းရွာရှောင်များဖြစ်ကြပြီ
0 comments:
Post a Comment