ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း
>> Monday, August 30, 2010
နော်ဖေါ (သြဂုတ်-၂၉)။ ။ မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့် ပြောင်းလဲရေးပေါ်လစီကြောင့် စစ်အစိုးရနှင့် ပူးတွဲနေသည့် ဒီကေ ဘီအေခေါ် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော်သည်၊ ကေအန်ယူထံပြန်လည် ပူးပေါင်းလာနေကြ ပါသည်။ ၄င်းပူး ပေါင်းလာသည့် တပ်ဖွဲ့ဝင်များသည်လည်း ၄င်းတို့ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းနှင့် အတူ လာရောက်ပူးပေါင်းနေခြင်းဖြစ်ပါသည်။
ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဖားအံမြို့နယ် ၊ ထို့ကော်ကိုးကျေးရွာ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇ဝ၃) တပ်ခွဲ (၃)မှူး ကျားလေးသည် (၂၆-၈-၂ဝ၁ဝ) ရက်နေ့တွင် ကေအန်ယူ တပ်မဟာ (၇) နှင့်လာ ရောက်ပူးပေါင်းခဲ့သည်။
သူနှင့်အတူ (AR) တစ်လက် ၊ (AR) ကျည်ကပ် အရှည် (၄)ခု၊ ကျည်ဆံ (၂၁၁)တောင့်၊ ခါးဘိုင်း တစ်လက် ၊ ခါးဘိုင်းကျည်ကပ်အရှည် (၂)ခု၊ ကျည်ဆံ (၈၇)တောင့်၊ (၃၈ –ဆုံလည်သေနပ်အတို) ကျည်ဆံ (၄၉)လုံး ၊ လမ်းလျှောက်စကားပြောစက် တစ်လုံး ကိုယူဆောင်လာခဲ့သည်။ တစ်ရက်တည်းတွင် ကရင်ပြည် နယ်၊ မြဝတီမြို့နယ် (BGF) တပ်သား စောဖိုးလယ် (အသက် ၄၂နှစ်)၊ ကျောအယ်ဂေ (အသက် ၂၃နှစ်) ၊စောလားမူး (အသက် ၃၄နှစ်)တို့သည် ကေအန်ယူတပ်ရင်း (၁ဝ၁)နှင့်လာရောက်ပူးပေါင်းခဲ့သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆပ်ကြီးမြို့နယ် ၊ ကြာအင်းဆိပ်ကြီးမြို့သစ် (KPF) တပ်ရင်း (၂) တပ်ခွဲ (၂) မှ တပ်ကြပ်ကြီးစောနီ (အသက် ၂၃နှစ်) ၊ တပ်စိတ်မှူး စောတကယ် (အသက် ၁၈နှစ်) ၊ တပ်သား စောဘီဒီဝို (အသက် ၁၇နှစ်) ၊ တပ်သား စောခုနားတူး (အသက် ၁၆ နှစ်) တို့သည် (၁၆-၈-၂ဝ၁ဝ) ရက်နေ့ တွင်ကေအန်ယူ တပ်ရင်း (၁၇) ထံလာရောက်ပူးပေါင်းခဲ့သည်။ သူတို့နှင့်အတူ (AK) ၃-လက်၊ ကျည်ကပ် ၃-ခု၊ ကျည်ဆံ (၇)လုံးကို ယူဆောင်လာခဲ့သည်။
ထို့ကြောင့် ဒီကေဘီအေ တပ်ဖွဲ့များအပြင် ဗိုလ်ဌေမောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဘဲပယ်ချခဲ့ပါသည်။
ဤသို့ဖြင့် စစ်အစိုးရ နှင့် ပူးပေါင်းနေသည့်ကရင်အဖွဲ့အစည်းအားလုံးသည်၊ ကေအန်ယူနှင့် လာပေါင်းကြတော့မည်မှာ ဧကန်မုချဖြစ် ပေသည်။
0 comments:
Post a Comment