မကောင်းဆိုးဝါး မိစ္ဆာ ဟုခေါ်တဲ့ အာဏာရှင်လက်အောက်ခံ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေ ကို ဥပဒေမရှိ သတ်ချင်တိုင်းသတ်နေ
>> Monday, September 6, 2010
မြန်မာနိုင်ငံသည် နစ်ပေါင်းများစွာ မကောင်းဆိုးဝါး မိစ္ဆာဘီလူး အာဏာရှင် စစ်တပ်၏ လက်အောက်သို့ ကြာမြင့်စွာကျ ရောက်ခဲ့ရပြီးဖြစ်ပါသည်. အာဏာရှင် စစ်တပ်ခေါင်ဆောင်များသည် နိုင်ငံတော်ကို လက်နက်အားကိုးပြုပြီး ဥပဒေ မရှိ ပြည်သူတွေကို အနိုင်ကျင့် နိပ်စက် သတ်ဖြတ်ချင်တိုင်းသတ်ဖြတ်နိပ်စက်လျက်ရှိပါသည်.
အခုလည်ပြည်သူလူထုကို ကာကွယ်ပါမယ်ဆိုတဲ့ အာဏာရှင်စစ်တပ်လက်အောက်ငယ်သားများသည် ပဲခူးတိုင်းမြို့တော်ရဲ့ မြို့မျက်နှာဖုံး၊ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ အသီးသီးတွေ ရှေ့မှာတောင်မှ ဗြောင် သေနတ်နဲ့ လာပစ်သတ်ရဲကြသည်။ ဒီကြားထဲ စိမ်ခေါ်သွားသေးတယ်၊ စစ်တပ်ကိုစမ်းရင် သေချင်းဆိုးနဲ့ သေသွားမယ်၊ စမ်းကြည့်ကြ ဆိုတဲ့ အော်ပြောသွားတာတွေလည်း ရှိတယ်ဆိုပြီး ဘေးက ပြောလျက်ရှိပါသည်။ ဒီလိုဆိုရင် တိုင်းရင်းသားလူမျိုးတွေ၊ တောထဲတောင်ထဲမှာ တောင်ယာတွေလုပ်ပြီး အသတ်ခံခဲ့ရတာတို့၊ မုဒိန်းကျင့် ခံခဲ့ရတာတို့၊ အိမ်ကို မီးရှို့တယ်တို့ လုပ်ချင်သလို လုပ်ခဲ့တယ်ဆိုတဲ့ အချက်များသည် ဤ အဖြစ်အပျက်က ဥပဒေ မရှိသော ပြုမူဆောင်ရွက်မှုများအဖြစ် သက်သေခံလျက်၇ှိပါသည်.
အများပြည်သူကို ကာကွယ်စောင့်ရှောက်ဘို့ လက်နက်တပ်ဆင်ပေးထားသော စစ်တပ်က သာမန်လက်နက်မဲ့ အရပ်သားတွေကို စည်းမဲ့ကမ်းမဲ့ ပစ်ခတ်မှုဟာ အများ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိတ်မအေးစရာဖြစ်ပါသည်. ပြည်သူလုထုတွေကို အရှက်မရှိ အမျိုးမျိုး လိမ့်ညာ ၀ါဒဖြန်ချိလုပ်ဆောင်လျက်ရှိပါသည်.
စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို ကောင်းကောင်းအရေမယူဘဲ အပစ်သတ်ခံရသူက သေနတ်လုလို့ ပစ်သတ်လိုက်တာပါ စသည်ဖြင့် FM အသံလွင့်သတင်းဌာနက မိုးလုံးပြည့် လိမ်ညာပြီးလွင့်လျက်ရှိပါသည်. အာဏာရှင်စစ်ဖိနပ်အောက်က နေရသောပြည်သူများသည် တစ်နေ့တစ်ခြား ဆိုးဆိုးဝါးဝါး ခံစားနေရလျက်ရှိပါသည်. ပြည်သူများ၏ အနာဂါတ်သည် စစ်အာဏာရှင်၏ ဖိနပ် အောက်မှာ မတွေးဝစရာဖြစ်လောက်အောင်ခံစားရလျက်ရှိပါသည်.
0 comments:
Post a Comment