သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

စစ်အာဏာရှင် နအဖအဖွဲ့က အနာဂတ် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးချယ်ပြီး

>> Friday, October 15, 2010

မျိုးဝင်းဇော် / ၁၅ အောက်တိုဘာ ၂၀၁၀


ယနေ့အချိန်ထိ ရွေးကောက်ပွဲ မကျင်းပရသေးသော်လည်း စစ်အစိုးရက လာမည့် အနာဂတ် အစိုးရအဖွဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်လောင်းများ ရွေးချယ်ပြီးဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောသည်။

“နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲအတွက် မဲဆွယ်ကြ၊ အငြင်းတွေ ပွားကြနဲ့ ကျနော်တို့ ခေါင်းဆောင်တွေကတော့ လာမယ့် အစိုးရအဖွဲ့အတွက် အရေးကြီးရာထူးတွေ ရွေးချယ်ပြီးနေပြီ။ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေအဖြစ် ရန်ကုန်တိုင်းမှာ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၊ မန္တလေးတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်၊ စစ်ကိုင်းတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးသာအေး၊ တနင်္သာရီတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်၊ မွန်ပြည်နယ်အတွက် ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဟောင်းအေးမြင့် အပါအဝင် အားလုံး ရွေးပြီးနေပြီ” ဟု တိုင်းဝန်ကြီးချုပ်လောင်းတဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ အဆိုပါ စစ်အရာရှိက ပြောသည်။

ရွေးကောက်ပွဲအပြီးလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ကိုယ်စားလှယ်များသာ နေရာအများစု ယူထားမှာဖြစ်ပြီး ၎င်းတို့တင်သည့် သမ္မတလောင်းသာလျှင် သမ္မတ ဖြစ်မှာ သေချာနေကြောင်းလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

၎င်းက “ဒီအတွက် လိုအပ်နေသေးတဲ့ ဥပဒေကြောင်းဆိုင်ရာကိုလည်း လက်ရှိ စစ်အစိုးရကပဲ ပြဋ္ဌာန်းမှာ ဖြစ်လို့ သူတို့အတွက် ဘာအခက်အခဲမှ ရှိမှာမဟုတ်ဘူး။ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်ဆိုတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာ ပြည်နယ်/တိုင်း လွှတ်တော် ကိုယ်စားလှယ်တွေထဲက တဦးဦးကို သမ္မတက ခန့်အပ်မှာ ဖြစ်တယ်။ သမ္မတက ခန့်အပ်တဲ့ ပြည်နယ်/တိုင်း လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မီသူ ဖြစ်ရင် သက်ဆိုင်ရာ လွှတ်တော်တွေကနေ ငြင်းပယ်ပိုင်ခွင့် မရှိဘူး” ဟု ပြောသည်။

ယခု အဆင့်မြင့် စစ်အရာရှိကြီးများသည်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ဝင်မပြိုင်ဘဲ သက်ဆိုင်ရာ တိုင်း/ပြည်နယ် လွှတ်တော်တို့တွင်သာ အမည်စာရင်း တင်သွင်းခြင်းကိုကြည့်ပါက အဆိုပါအချက် ဖြစ်နိုင်ခြေရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူတဦးက ပြောသည်။

ရန်ကုန်မြို့မှ သတင်းအယ်ဒီတာများနှင့် ပြည်သူအများစုကမူ ယခု ရွေးကောက်ပွဲသည် စစ်အာဏာရှင်များ၏ အုပ်ချုပ်မှု တရားဝင်ရန် လုပ်သည့်ပွဲ တပွဲသာဖြစ်ပြီး ရွေးကောက်ပွဲ ပြီးသည့်တိုင် မည်သည့်ထူးခြားမှု အပြောင်းအလဲမှ ဖြစ်လာမည်မဟုတ်ကြောင်း ယူဆနေကြသည်။

စစ်အာဏာရှင်အဖွဲ့ချုပ် ဗိုလ်ချုပ်မှုကြီးသန်းရွေ..
ဥပဒေမရှိ အာဏာကိုအသုံးပြုပြီးလုပ်ချင်တိုင်းလုပ်နေသော အာဏာရူးတဲ ပြည်သူများကို နိပ်စက်တဲ့ စစ်မိစ္ဆာခေါင်ဆောင်.

ထို့ကြောင့် သက်ဆိုင်ရာ ကော်မရှင်ရုံးတို့တွင် မဲဆန္ဒပေးပိုင်ခွင့် ရှိမရှိ ကြေညာသည့် မဲစာရင်းများကို သွားရောက်ကြည့်ရှုသူ နည်းပါးကြပြီး ကိုယ်နေထိုင်သည့်နေရာတွင် မည်သူက မည်သည့်လွှတ်တော်အတွက် ဝင်ပြိုင်ကြကာ မဲမည်သို့ ပေးရ မည်ဆိုသည်ကိုပင် မသိသူများ ရှိကြကြောင်း သိရသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP