သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီး

>> Monday, November 29, 2010

နော်အဲဏီ၊ ကောင်းဝါ

တန်ဆောင်မုန်းလဆုတ် ၈ရက်။နိုဝင်ဘာ ၂၉၊၂၀၁၀။

နော်အဲဏီ(နိုဝင်ဘာ-၂၉)။ ။ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့်(၁၃)မိုင်အကွာ ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးတွင် မြန်မာစစ်အစိုးရ ခလရ(၄၀၆)တပ်ရင်းနှင့် ဗိုလ်မှူးစောအေ၀မ်းဦးစီး ဒီကေဘီအေတို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ( ၃) နာရီ(၁၀)မိနစ်အချိန်မှာ မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများမှပြောပါသည်။

စစ်အစိုးရတပ် ခလရ(၄၀၆)တပ်ရင်း အင်အား(၁၀၇)ယောက်နှင့် ခြုံခိုတိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ် ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒါဏ်ရာရသည်ဟု ဗိုလ်မှူးစောအေ၀မ်းမှပြောပါသည်။

“နအဖတပ်နဲ့ကျွန်တော်တို့အဖွဲ့တွေ တဲ(၃)လုံးမှာပစ်ကြတယ်နော်။ (၁၅)မိနစ် မိနစ်(၂၀) လောက်ရှိတာပေါ့ တိုက်ပွဲ ဖြစ်တာ။ သူတို့ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒဏ်ရာရတယ်။ အဲဒီ(၄၀၆)အဖွဲ့တွေပေါ့။ သူတို့ဟာ ရင်ဘောင်တန်းတက်ပြီးလာတယ်လေ။ ရွာမ၀င်ခင်မှာ ကျွန်တော်တို့ အဲဒီမှာပစ်ခဲ့တယ်။”
ဘုရားသုံးဆူမှ ခလရ(၄၀၅)နှင့်(၄၀၆)တပ်ရင်းနှစ်ရင်းသည် ကြိမ်ချောင်းသို့စစ်ချီတက်ရာတွင် တဲသုံးလုံး တွင်ရောက်နေသော ဗိုလ်မှူးစောအေ၀မ်းတို့က ကြိုတင်သတင်းရ၍ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခလရ(၄၀၆)သည် ကြိမ်ချောင်းသို့ ခရီးဆက်ရန်အတွက် လူနာထမ်းရန် တဲသုံးလုံးတွင် ပေါ်တာများလိုက်လံ ဖမ်းဆီးနေသည်ဟု မော်တော်ဆိုင်ကယ်အငှါးမောင်းသူတစ်ဦးမှပြောပါသည်။

ယခုအနေအထား၌ ဘုရားသုံးဆူမြို့နဲ့ဝန်းကျင်ဒေသတွင် မြန်မာစစ်အစိုးတပ်မှ တပ်အင်အား(၅)တပ်ရင်းအားဖြည့်ထားပြီးခွဲထွက်သွားသည့်ဒီကေဘီအေတပ်နှင့်ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးတပ်ဖွဲ့များကိုလိုက်လံထိုးစစ်ဆင်နေသည့်အခြေအနေ ကြောင့်တိုက်ပွဲတွေထပ်မံပြင်းထန်လာဦးမည်ဟု ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူများမှပြောပါသည်။

တောတွင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းတောတွင်းပျောက်ကြားစစ်ဆင်ရေးသာမက မြို့တွင်းပျောက်ကြားစံနစ်ပါ လုပ်ဆောင်လာ နိုင်မည့်အနေအထားမှာရှိသည့်အတွက်မြို့ခံပြည်သူများ၏လုံခြုံရေးအခြေအနေသည် အာမခံချက်မရှိနိုင်သေးသလို အကယ်၍တိုက်ပွဲပြင်းထန်လာလျှင်စစ်ပြေးဒုက္ခသည်များပိုပြီးတိုးလာမည့်အနေအထားမှာရှိ နေသည်ဟုပြောဆိုမှုများရှိနေပါသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP