သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထားတဲ့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး

>> Friday, February 3, 2012


ကရင်ပြည်နယ်၊ မြဝတီမြို့က ထိုင်းနယ်စပ်မြို့လေးပါပဲ။  အရင်က ထိုင်းနိုင်ငံနဲ့ မြန်မာအစိုးရနဲ့ မတည့်တော့
နိုင်ငံတော်က လူကြီးတွေ မလာကြဘူး။ အခုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံ လာသွားမှ ထိုင်းနဲ့ မြန်မာ စကားတောင် တခွန်းမပြောရဘဲ ချက်ချင်းတည့်သွားကြတယ်။

မြန်မာဖက်ကလူကြီးတွေ (စစ်တပ်လူတွေ) ကလည်း အရင်က ထိုင်းနိုင်ငံဆိုရင် အရမ်းမုန်းကြတယ်။ ပြည်နယ် ဝန်ကြီးချုပ်ဆိုရင် မုန်းလွန်းလို့ ထိုင်းက ထွက်တဲ့ဆန် ခေါက်မလိကိုမှ မှာစားတာလို့ ကုန်သည်တွေ ပြောတာသိရတာပါ။ အခုတော့လည်း အိမ်နီးချင်းဆိုပြီး ခတ်ရိုင်းရိုင်းပြောတဲ့စကားတွေ ဘယ်ရောက်သွားကြလဲမသိဘူး။ ဘယ်မျက်နှာနဲ့ ရင်ဆိုင်ပြီး လက်ဆွဲနှုတ်ဆက်နေလည်း မသိဘူး၊  တရွှတ်ရွှတ်လာနေလို့ ဝန်ထမ်းတွေကော၊ အပြင်လူတွေကော၊ ဘုန်းကြီးတွေပါမကျန် တော်တော်ဒုက္ခရောက်နေရတယ်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူကြီးတွေ အောက်ဖက်က လာလို့ ဘုန်းကြီးတွေကို ကြိုတင်
ခေါ်ထားတာ မနက်ကျောင်းမှာ ဆွမ်းစားပြီးကတည်းကပဲ။ ရောက်တော့လည်း ညနေပိုင်းမှပေါ့။ ဘာသာရေး ဆိုတော့
ဂေါပကအဖွဲ့တွေမှာ တာဝန်ရှိတယ်လေ။ အခမ်းအနား ပြင်ရတယ်။ ဘုန်းကြီးတွေ ပင့်ဖိတ်ရတယ်။

အဲဒီလူကြီးတွေက လှူဖွယ်ဝတ္ထု ကပ်မယ်ဆိုလို့ ဂေါပကအဖွဲ့က ကန်တော့ပွဲခြင်းတွေ အိတ်စိုက် ဝယ်ရတယ်။
လောလောဆယ် ပိုက်ဆံမရှိလည်း ဆိုင်တွေမှာ အကြွေးလိုက်ဝယ်ပေါ့။ ဒါကတော့ ထုံးစံပဲလေ။ ဝန်ထမ်းတွေကလည်း အာဏာရှင်တွေ လာတဲ့အခါ တိုက်ပုံလေးတွေနဲ့ တော်တော်ကြာ စောင့်နေကြရတယ်။ ထမင်းငတ်သူက ငတ်ပေါ့။ ဒါက လူတွေအပိုင်းပေါ့။ ဘုန်းကြီးတွေကျတော့ ခဏခဏ အပင့်ဖိတ်ခံရတယ်။ အဲဒီလူကြီးတွေ မလာတဲ့အခါ ဘုန်းကြီးတွေ လည်း သူတို့ဝန်ထမ်းတွေလိုပေါ့ ပြန်သွားရတာပါပဲ။ ဒို့ကို ကန်တော့မယ့် ကန့်တော့ပွဲခြင်းလေးတွေကို ဂေါပက အဖွဲ့က
ပြန်သိမ်းသွားတယ်။ ဒီလိုပဲ ဘုန်းကြီးတွေ ကန်တော့ပွဲပြပြီး အညာခံရတာ ခဏခဏပဲ။

ရဟန်းသံဃာတွေထက် အာဏာပိုင်က ပိုမြင့်မြတ်တယ်ဆိုတာ ဘုန်းကြီးတို့ အခုမှ သိတယ်။ တီဗွီ၊ ဗွီဒီယို ရိုက်ဖို့ ဘုန်းကြီးတွေကို အသုံးချမှန်းသိရတယ်။ သံဃာကို ရိုသေစွာ ကန်တော့ချင်လို့တော့ မဟုတ်ပါဘူး။ ဖေဖေါ်ဝါရီ ၂ ရက်
နေ့ကတော့ ပြည်နယ်ဝန်ကြီးချုပ်လာမယ်ဆိုလို့ ဘုရား ဂေါပကအဖွဲ့က သာသနာ့ ဗိမာန်မှာ အခမ်းအနား ပြင်ဆင်ပေး တာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင် ဆိုသူက  ပြင်ဆင်တာ မကြိုက်လို့ဆိုပြီး လက်ထောင်ပြီး ပါးရိုက်မယ်လို့
ပြောတာ တွေ့ရတော့ အာဏာရှင်တွေ လက်အောက်မှာ ငရဲခံနေရမှန်း သိရတယ်။ အစည်းအဝေးတွေမှာလည်း ငါက စစ်သားပီပီ စစ်သားတွေကို အမိန့်ပေး အုပ်ချုပ်သလို အုပ်ချုပ်မယ်လို့ပြောတာကို ဝန်ထမ်းတွေဆီက ကြားလိုက်ရတော့ ကရင်ပြည်နယ်မှာ ဒီမိုကရေစီမရသေးပါလား၊ စစ်အုပ်ချုပ်ရေးစနစ် အတိုင်းပဲဆိုတာ ကွဲကွဲပြားပြား သိလာရတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်က “ကိုလိုနီစရိုက်ကို ဖျောက် ပြည်သူ့အကျိုးကို စောင့်ရှောက်” ဆိုတဲ့ သူတို့ရုံးမှာ ကပ်ထားတဲ့ ဆောင်ပုဒ်က ခရိုင်အုပ်ချုပ်ရေးမှူး ဗိုက်ထဲ ရောက်သွားတယ်ထင်တယ်။ မနက်ဆိုရင် သူ့အိမ်မှာ ကုန်သည်
တွေ တရုန်းရုန်းနဲ့ အလုပ်ပဲ ကြိုးကြိုးစားစားလုပ်တာလား။ သူ့ဆရာ ပြည်နယ်ဝန်ကြီးချုပ် သင်လိုက်သလို ဝန်ထမ်းတွေ အပေါ် မိုက်ရိုင်းဘို့ လုပ်နေတာလား။ ၎င်းကို မွေးတဲ့မိဘက မဆုံးမခဲ့တာပဲလား။ တပ်မတော်ထဲ ရောက်သွားလို့ မိုက်ရိုင်းသွားတာလား မသိဘူး။

တရားမဝင် ကားမှောင်ခိုတွေနဲ့ ပေါင်းပြီး လက်ဆောင်ပေးတဲ့ တရားမဝင် without ပါကျဲရိုး မော်တော်ကားကို ဇိမ်နဲ့စီးပြီး ဝန်ထမ်းတွေအပေါ် မာနထောင်လွှားနေတယ်။ နိမ့်ကျတဲ့ ဝန်ထမ်းတွေ၊ ကျောင်းဆရာ/ ဆရာမ တွေ ကိုလည်း ပြည်နယ် ဝန်ကြီးချုပ် နာမည်တပ်ကာ အနိုင်ကျင့် အုပ်ချုပ်တယ်။ ဘုန်ကြီးတို့ သံဃာတွေကိုလည်း မကြည်ညိုချင်နေပါ သံဃာတွေကို မဟုတ်ကဟုတ်က မပြောစေချင်ဘူး။

နိုင်ငံတော်သမ္မတကြီးခင်ဗျား  ဒီလိုမိုက်ရိုင်းတဲ့ ခရိုင်အုပ်ရေးမှူးတွေကြောင့် အစိုးရရဲ့ဂုဏ်သိက္ခာဆိုတာ အလိုလို ကျဆင်းပါတယ်။ ဒါကြောင့် အနာဂတ်အတွက် ယဉ်ကျေးလိမ္မာတဲ့ အုပ်ချုပ်ရေးမှူးကောင်းတွေ ရွေးချယ်ခန့်ပါလို့ တိုင်ကြားအကြံပြုသလို ပြည်ထဲရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကို လည်း မြဝတီမြို့ကို လူရွေးချယ် တာဝန်ပေးမယ်ဆိုရင်လည်း လူတော်လူကောင်းများ ရွေးချယ်တာဝန်ပေးစေလိုကြောင်း အကြံပြု တိုင်ကြားအပ် ပါတယ်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP