သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ရက် စက် လှတဲ့ နအဖ တို့ကြောင့် ကရင် လူမျိုး ထွက်ပြေးရ သေကြရ

>> Wednesday, June 17, 2009

Font sizeနအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက (KNLA) တပ်မဟာ (၇) နယ်မြေအတွင်းရှိ 'လယ်ပေါ်ဟဲ' ပြည်တွင်းဒုက္ခသည်စခန်းကို ယနေ့ နေ့လည်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိသည်။

ယနေ့ နေ့လည် (၁၁) နာရီ (၅၅) မိနစ်ခန့်မှ စတင်ကာ (၈၁) အမျိုးအစားလက်နက်၊ (၆၀ မမ) နှစ်လက်တို့ဖြင့် (၁၂) နာရီခွဲအချိန်ထိ ဆက်တိုက်ပစ်ခတ်နေပြီး အထိအခိုက်စာရင်းကို မသိရသေးကြောင်း တပ်မဟာ (၇) မှ ဗိုလ်ကြီးအဆင့်ရှိသူတဦးက အတည်ပြုပြောသည်။

“ထိခိုက်ဒဏ်ရာရတာ မကြားရသေးဘူး၊ ဒုက္ခသည် ၂၀၀၀ လောက်ကလဲ မနေ့ကလောက်ကတည်းက ထိုင်းဘက်ကို ရောက်နေပြီ၊ အဲဒီမှာ လူတွေမရှိတော့ဘူး၊ ကျနော်တို့ တပ်တွေကတော့ ကာကွယ်ပြီး ပစ်မှာဘဲ” ဟု ပြောသည်။

ယင်းကဲ့သို့ နအဖစစ်တပ် လက်အောက်ခံတပ်များနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များ ပစ်ခတ်မှုသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင်အင်အားစုများကို အပြီးပျက်ခြေမှုန်းသည့်သဘောဖြစ်ကြောင်း (KNLA) တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက သုံးသပ်ပြောဆိုသည်။

ယခုပစ်ခတ်မှုတွင် လက်နက်ကြီးများဖြင့်သာ အဝေးမှ လှမ်းပစ်ခြင်းဖြစ်ပြီး ကျည်အလုံး ၃၀ ခန့် ဒုက္ခသည်စခန်းထဲကို ကျရောက်ကြောင်း ၎င်းက ဆက်ပြောသည်။

“လက်ရှိအခြေအနေကတော့ ကျနော်တို့ နယ်မြေထဲကို ရန်သူဝင်လာရင်တော့ ကျနော်တို့ဘက်က ပြန်လည်ခုခံတိုက်ခိုက်မှာဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

'လယ်ပေါ်ဟဲ' ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ယမန်နေ့ကတည်းက ထိုင်းဘက်ခြမ်းသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး ထိုင်းအစိုးရအာဏာပိုင်များကလည်း နယ်စပ်တလျှောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP