သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

် မြန်မာအလုပ်သမာများယာယီ ပတ်စပိုလုပ်ရာ၌ ထိုင်းအစိုရက ဗီဇာကြေးလျှော့ချ

>> Thursday, October 22, 2009

လွန်ခဲ့သော ၂ ပတ်ခန့်က မြန်မာအာဏာပိုင်များ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ယာယီမြန်မာနိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြုလုပ်သူများကို ၂ နှစ်စာ ဗီဇာကြေးမှ ၁၅၀၀ ဘတ် လျှော့ချပေးရန်အတွက် ထိုင်းအာဏာပိုင်များနှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။ယာယီမြန်မာနိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ငွေကြေးကောက်ခံသည့်ကိစ္စရပ်များမှာ မိမိတို့၏လုပ်ရပ် မဟုတ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ် ပြောကြားခဲ့သည်။ ထိုမှတဆင့် ၂ နှစ်စာဗီစာကြေး လျှော့ပေါ့ရေးအတွက်ပါ သဘောတူခဲ့သည်ဟု မဲဆောက်မြို့ရှိ ထိုင်းမြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးကော်မတီ ယာယီပတ်စပို့ ပြုလုပ်ပေးရေးဌာနမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ငွေကြေးအမြောက်အမြား ကုန်ကျနေသည့်အတွက် ထိုကဲ့သို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။“ပြီးခဲ့တဲ့ ၂ ရက်လောက်တုန်းက စပြီး လျှော့ယူနေတယ်၊ အခုဆိုရင် တစ်ယောက်ကို ဘတ် ၅၈၀၀ ကျတယ်၊ အရင်တုန်းကတော့ ဘတ် ၇၃၀၀ ကုန်တယ်၊ အခုဆိုရင် ပတ်စပို့လုပ်တဲ့လူ တော်တော်များလာပါပြီ၊ တစ်နေ့ကို အယောက် ၃၀ ကျော် ၄၀ နီးပါး ရှိတယ်၊ အရင်ကတော့ ဒီထက်တော့ နည်းပါတယ်” ဟု ၄င်းက ဆက်ပြောသည်။ယခုလက်ရှိ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ရရှိပြီးသူ ဦးရေမှာ ၁၀၀၀ ကျော်ရှိပြီး ဆက်လက်ထုတ်ပေးရန် ဦးရေ ၁၀၀၀ နီးပါး ရှိကြောင်း၊ ထိုသို့ ဗီဇာခ လျှော့ပေါ့ရေးနှင့် ပတ်သက်၍ အလုပ်သမားများထံသို့ ဖုန်းဖြင့်ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်ဟု ၄င်းကပြောသည်။“ပတ်စပို့ရတာတော့ ပျော်ပါတယ်၊ ဒါပေမယ့် အရှေ့မှာ ယာယီလို့ ရေးထားတော့ ဘယ်တော့ သူတို့ဖျက်မယ်ဆိုတာ ပြောလို့မရသေးဘူး၊ အခုလောလောဆယ်တော့ ကျွန်တော်သွားလာနေတာ စစ်ဆေးရေးနဲ့တော့ တစ်ခါမှ မဆုံသေးဘူး၊ ပတ်စပို့ရုံးက ပြောတာတော့ ဒီထိုင်းနိုင်ငံ တစ်နိုင်ငံလုံး သွားလို့ရတယ်တဲ့” ဟု ဘန်ကောက်မြို့မှ ပတ်စပို့ရရှိပြီးသူတစ်ဦးက ပြောသည်။

ထိုသို့ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်သူများ၏ နေရပ်ဒေသတွင် ငွေကြေးတောင်းခံသည့်သတင်း မကြားရကြောင်းနှင့် အစိုးရအဖွဲ့မှလည်း ငွေကြေးတောင်းခံခြင်းမှာ လုံးဝဖြစ်လိမ့်မည် မဟုတ်ကြောင်းကို ၄င်းက ဆက်ပြောသည်။အကယ်၍ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်လာပါက မြဝတီမြို့ပေါ်ရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်ရန်အတွက် သက်သေပြုပေးသည့်ရုံး (ရဲစခန်း) မှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဟုလည်း ၄င်းတာဝန်ရှိရဲများ၏ ပြောပြချက်ကို ၄င်းပတ်စပို့ရရှိပြီးသူက ပြန်လည်ပြောကြားခဲ့သည်။Labour Rights Promotion Network မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်သူများအားလုံးကို ဗီဇာကြေး ဘတ် ၁၅၀၀ သို့ လျှော့ပေးသည်မှာ မဟုတ်မမှန်ကြောင်းနှင့် ၄င်းဗီဇာကြေးမှာ ယခင်ကလည်း ဘတ် ၅၀၀ သာ ပေးဆောင်ရသည်ဟု ဆိုသည်။
“လျှော့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဗီဇာခက ပတ်စပို့ စလုပ်ကတည်း ဘတ် ၅၀၀ ကောက်ဖို့ အစည်းအဝေးပွဲမှာ ဆုံးဖြတ်ထားပြီးသားပါ၊ အခုလျှော့တယ်ဆိုတာ ဗီဇာခ မဟုတ်ဘူး၊ အခြားကြေးတွေ လျှော့တာ၊ သူတို့ပတ်စပို့လုပ်ပေးတဲ့သူတွေက ဘယ်လောက်စားထားမှန်းမှ မသိတာ၊ ဒါကြောင့် ဒီအစည်းအဝေးအပြီးမှာ သူတို့က ဗီဇာကြေး လျှော့တာလို့ ပြောတာပါ” ဟု ၄င်းကဆက်ပြောသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP