သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

အာဏာရှင် စစ်မိစ္ဆာအစိုရ အုပ်စိုးတဲ့မြန်မာနိုင်ငံမှာ ကမ္ဘာအကျင့်ပျက် ခြစားမှု အဆိုးဆုံးစာရင်ဝင်

>> Thursday, October 22, 2009

ကမ္ဘာပေါ်ရှိ အကျင့်ပျက် ခြစားမှု အများဆုံး နိုင်ငံများတွင် အာဏာရှင်စစ်မိစ္ဆာတို့၏ အုပ်စိုးသောမြန်မာနိုင်ငံသည် ဒုတိယ အဆိုးဆုံး ဖြစ်သည်ဟု ဂျာမနီနိုင်ငံ အခြေစိုက် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International – TI) ၏ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ၂၀၀၉ ခုနှစ်အတွက် ထုတ်ဝေသည့် အဆိုပါ အစီရင်ခံစာသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အား စာရင်းပြုစုထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၇၉ တွင်ရှိ၍ အဂတိလိုက်စားမှု ဒုတိယ အဆိုးဝါးဆုံး နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်၊
အကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံမှာ ဆိုမာလီနိုင်ငံဖြစ်ပြီး အဂတိလိုက်စားမှုမရှိသော နိုင်ငံများမှာ ဒိန်းမတ်၊ ဆွီဒင်နှင့် နယူးဇီလန် နိုင်ငံများဖြစ်ပြီး စကာင်္ပူနိုင်ငံသည် ဒုတိယ အနည်းဆုံးနိုင်ငံ ဖြစ်ကြောင်း ယင်းအစီရင်ခံစာ အရသိရသည်။“နိုင်ငံအစိုးရတိုင်း ဒီသုံးသပ်ချက်အစီရင်ခံစာကို လက်ခံယုံကြည်သင့်တယ်၊ ဒါမှလည်း တရားမျှတမှု သန့်ရှင်းမှုဆို တာဖြစ်လာမယ်”ဟု TI အဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် Huguette Labelle က ပြောသည်။ အဂတိလိုက်စားမှုသည်မြန်မာနိုင်ငံ ၀န်ထမ်းလောကတွင် တရားဝင်လုပ်ငန်းတခုကဲ့သို့ လက်ခံထား ကြကြောင်း၊ ပြည်သူများနှင့် ၀န်ထမ်းများကြား ဆက်ဆံရေးတွင် လာဘ်ပေးလာဘ်ယူမှုများရှိသကဲ့သို့ ၀န်ထမ်းများ အကြား တွင်လည်း ရှိသည်ဟုနေပြည်တော် မှ ၀န်ထမ်းတဦးကလည်း ပြောသည်။“အချင်းချင်းလည်း ရာထူးတက်ဖို့ တို့ နေရာကောင်းကိုပြောင်းရွှေ့ဖို့တို့ အတွက်လူကြီးကို “ဂါ” (ပေး) ရတာ ထုံးစံပဲ နေရာတိုင်း ရှိတယ်”ဟု အဆိုပါဝန်ထမ်း က ဆိုသည်။

ရန်ကုန်မြို့ခံတဦးကလည်း နိုင်ငံသားမှတ်ပုံတင်နှင့် မိသားစုဝင် အိမ်ထောင်စုစာရင်း(သန်းခေါင်စာရင်း) ပြုလုပ် ပေးရသည့် လူဝင်မှုကြီးကြပ်ရေးဌာနသည် လာဘ်ပေးလာဘ်မှု အများဆုံးဌာနတခုဖြစ်သည်ဟု ပြောသည်။ “ရိုးရိုးလား ရှယ်လားလို့မေးတယ်၊ ရိုးရိုးဆိုရင်တော့ ရစ်ပြီ၊ စာရွက်စာတမ်း တွေ အဘိုးအဘွားကစပြီး စစ်တာပဲ၊ ရှယ်ဆိုရင်တော့ အိမ်တိုင်ရာရောက် လုပ်ပေးတယ်၊ လက်မှတ်ထိုးပေးရုံပဲ၊ အဲ့ဒါကြောင့် လမ်းကြောင်းနဲ့ပဲ လုပ်တာများတယ်”ဟု ယင်းမြို့ခံကပြောသည်။အစိုးရဌာနဆိုင်ရာများနှင့် ဆက်ဆံသူများအနေဖြင့် တိုက်ရိုက်ဆက်ဆံမှုတွင် အဆင်မပြေမှုများ ရှိသောကြောင့် ပွဲစားများထားရှိပြီး ဆက်ဆံကြကြောင်းလည်း သိရသည်။“မြ၀တီလမ်းကြောင်းက ပစ္စည်းသွင်းရင် ကိုယ်ကိုယ်တိုင်လိုင်းမ၀င်ဘူး၊ မ၀င်တတ်ရင် ကုန်ကျစရိတ်ကြီးတယ်၊ ဒါကြောင့် DKBA ကိုပဲ ညှိခိုင်း၊ ပစ္စည်းသယ်ခိုင်းတယ်၊ ပြီးရင်ကုန်ကျသလောက်ပေးလိုက်တယ်”ဟု မြ၀တီမြို့ခံ ကုန်သည် တဦးကပြောသည်။

မကြာ သေးမီက ရန်ကုန်တိုင်းရဲမှူးကြီး ၀င်းနိုင် နှင့် ကိုးကန်ဒေသရှိ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ ဗိုလ်မှူးချုပ်ဝင်းမောင်တို့အား လာဘ်စားမှုများကြောင့် အရေးယူမှုများလည်း ရှိခဲ့သည်။ယခုကဲ့သို့ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများပြားနေခြင်းသည် ၀န်ထမ်းများ၏ စားဝတ်နေရေး မလုံလောက်မှု များကြောင့်သာ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက သုံးသပ်သည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP