သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကရင်ပြည်နယ် မြဝတီမြို့ တွင် ဗုံးကွဲ လူနှစ်ဦးသေ

>> Friday, August 6, 2010



ချင်းမိုင် (မဇ္ဈိမ)။   ။ ယနေ့ည ၈ နာရီခွဲခန့်က မြ၀တီမြို့တွင် ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားရာ အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း  တာဝန်ရှိသူတဦးက ပြောသည်။

မြဝတီ ဘုရင့်နောင်လမ်းပေါ်ရှိ လူစည်ကားသော ညဈေးအနီး ခေတ်မီဆေးခန်းရှေ့တွင် ယာဉ်တစီးပေါ်မှ ပစ်ချလိုက်သည်ဟုယူဆသော ဗုံးကြောင့် လူနှစ်ယောက်သေပြီး ဆိုင်ကယ်နှစ်စီး မီးလောင်သွားသည်ဟု လုံခြုံရေးဝန်ထမ်းတဦးက ဆိုသည်။

“ပေါက်ကွဲမှုဖြစ်ပွားပြီးချင်း ဒီနေရာကို ရဲဘော်တွေရောက်လာပြီး ဆေးရုံကို ကားနှစ်စီးနဲ့ ခေါ်သွားတယ်” ဟု သူက ပြောသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP