သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

မြ၀တီ-ဘားအံလမ်းမှ ဒုက္ခအဖုံအဖုံ

>> Saturday, February 11, 2012

 သို့

နိုင်ငံတော်သမ္မတကြီးနှင့်တကွ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ အလုပ်သမားအကျိုးဆောင်အဖွဲ့အစည်းများ။

ယနေ့ နိုင်ငံရေးပြောင်းလဲမှုကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို တနိုင်ငံလုံးအတိုင်အတာနှင့် ဖော်ဆောင်နေသည်ကို ပြည်သူတဦးအနေနှင့် ထောက်ခံပါသည်။ ကျနော့်အနေနှင့် ကရင်ပြည်နယ်တွင် နေထိုင်ပြီး မိသာစုစားဝတ်နေရေးအတွက် မြ၀တီ-ဘားအံ-မော်လမြိုင် ကားပြေးဆွဲနေသူတဦး ဖြစ်ပါသည်။ မြ၀တီ-ဘားအံလမ်းခရီးတွင် တောင်ပေါ်တောင်အောက် လမ်းတလျှောက် လမ်းများမှာ အလွန်ပင် ဆိုးဝါးလှပါသည်။ (ပုံပါအတိုင်း) မြ၀တီတောင်ပေါ် လမ်းခရီတလျှောက်တွင် အနည်းဆုံး တလကို ကား ၃ စီးခန့် ချောက်ထဲကျ၍ ခရီးသည်များ အသက်ဆုံးရှုံးရသလို ကုန်ပစ္စည်းများ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရပါသည်။ ထိုသို့ ခရီးလမ်းဆိုးပေါ်တွင် သက်စွန်ဆံဖျား လုပ်ကိုင်ကာ မိသာစုစားဝတ်နေရေအတွက် ရှာဖွေနေရသော်လည်း လမ်းကြေးကောက်ခံနေကြသော အဖွဲ့အစည်းများမှာ တရားမ၀င် ငွေကြေးတောင်းခံနေသည့်အတွက် ကုန်သည်နှင့် ကားသမားများ ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပါသည်။

ပေးရသော လမ်းကြေးများမှာ ကုန်သွယ်ဇုံတွင် Haiace-HaiLux ကားကို ကျပ် ၂၀,၀၀၀၊ အထက် AK ဂိတ်တွင် ၂,၅၀၀။ တံတားကြိုးတွင် ၁၄,၅၀၀။ ကော့ကရိတ်တွင် ၈,၀၀၀။ ဂျိုင်းတံတားတွင် ၆,၀၀၀။ ဘားအံဝင်ကြေး ၅,၀၀၀ စုစုပေါင်း အသွားအပြန် တခေါက်တွင် ကျပ် ၁၅၅,၀၀၀ ကုန်ကျနေပါသည်။

နိုင်ငံတော်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်မှာ ပြည်သူလူထု စားဝတ်နေရေးဖူလုံစေရန်နှင့် အလုပ်အကိုင်ရရှိရန် ဖော်ဆောင်နေချိန်တွင် ယခုလို လမ်းခရီးတလျှောက် တရားမ၀င် ငွေကြေးကောက်ခံမှုများမှာ မရှိသင့်တော့ပေ။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ အနေနှင့်လည်း မိမိပြည်နယ်တွင် နေထိုင်သော လူထုအပေါ်တွင် မတရားလုပ်ဆောင်နေမှုများကို လူထုကိုယ်စား ဦးဆောင်ဖြေရှင်း ပေးမှသာလျှင် လူထုကြည်ညိုလေးစားသော ငြိမ်းချမ်းရေးအဖွဲ့အစည်းတရပ် ဖြစ်လာပေမည်။ သို့ပါ၍ ကရင်ပြည်နယ်တွင် ကြုံတွေ့နေရသော ပြည်သူလူထု၏ အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ၀ိုင်းဝန်းဖြေရှင်းပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပါသည်။

လေးစားစွာဖြင့် ...

ဖိုးခွား

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP