သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

Cleaning government နှင့်ဖွံဖြိုးလာမည်မြ၀တီကုန်သွယ်ရေး

>> Saturday, February 11, 2012


 ဘားအံ မြ၀တီလမ်းသည် အကောက်အခွန် မတရား ပိုက်ဆံကောက်ခံမှုများတွင် မြန်မာပြည်တွင် နာမည် အကြီးဆုံးသော လမ်းကြောင်းတစ်ခုဖြစ်သည်
ကျွန်တော်သည် ယနေ့ ၃-၂-၂၀၁၂ ရက်နေ့တွင် သူငယ်ချင်းတဦးမှ အလုပ်ကိစ္စအတွက် ခေါ်သဖြင့် မြ၀တီမြို့သို့ လိုင်းကားဖြင့် တက်ရောက်ခဲ့ပါသည်။ ယင်းနေ့တွင် (သုံးရက်တခါ တက်နေကျ ဖြစ်သော) ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းရှိသဖြင့် ပထမအသုတ်အနေဖြင့် အောက်ဘိုတဲစခန်းတွင် ၃ နာရီခန့် ရပ်နားခဲ့ရပါသည်။ ထပ်မံပြီး ဒုတိယအကြိမ် အလယ်ဘိုတဲ အရောက်တွင်လည်း ရပ်နားခဲ့ရပါသည်။ အလယ်ဘိုတဲမှ ညနေငါးနာရီခွဲခန့်တွင် ပြန်လည်လွှတ်ပေးရာ ၇ နာရီ ၄၅ မိနစ်ခန့်တွင် မြ၀တီ ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိခဲ့ပါသည်။
ဇုန်အရောက်တွင် Custom မှ မင်းတို့ကား ဘာတင်လာသလဲ ဟုမေးရာ ကားဒရိုင်ဘာမှ မြ၀တီမွေးမြူရေးဇုန်သို့ ပို့ရန် ဆန်ကွဲအိတ် ၂၀ တင်လာကြောင်း ပြောပါသည်။ ထိုအခါ Custom က ပိုက်ဆံသုံးထောင်ပေးပါ၊ မပေးရင် မလွှတ်ပေးနိုင်ဘူးဟု ပြောပါသည်။ ထိုအခါ ကားသမားမှ Custom အား ပိုက်ဆံသုံးထောင် ပေးပြီး ဆက်ထွက်ရန် ပြင်ရာ ထိုအချိန်တွင် တာဝန်ကျသော (ကုန်သွယ်ရေးဇုန် သင်္ဃန်းညီနောင်ဘက်အခြမ်း) မှ ဒု-တပ်ကြပ်တဦးမှ သေနတ်ကိုင်ကာ ပြေးလာပြီး မင်းတို့ကား ဘေးကပ်ရပ်ထား၊ မီးပိတ်ထား ငါ လုံခြုံရေးတာဝန်ကျတာ မင်းတို့ ဟိုကောင်တွေ ဘယ်လောက် ပေးလဲ၊ ငါ့ကိုလည်း အဲဒီလောက်ပေး၊ မပေးရင် မလွှတ်နိုင်ဘူးဟု ပြောပါသည်။ ကားသမားမှ ဆရာ ကျနော်တို့ တန်ဆာခ တအိတ် ၈၀၀ ပဲရပါတယ် ဆရာ၊ နှစ်ထောင်ယူပါ ဟုပြောရာ ပိုက်ဆံနှစ်ထောင်အား ကောက်ပစ်ပြီး ရင့်ရင့်သီးသီး ဆဲဆိုပါသည်။ ထိုအချိန်တွင် ပညာတတ်ပြီး အလွန်ကြောက်တတ်ကြသော Custom နှင့် immigration တို့မှ ပြေးလာပြီး ထိုရဲအား ချော့မော့ပြီး ဒီကား လွှတ်ပေးလိုက်ရန် ပြောဆိုပါသည်။
ထိုအခါ ထိုဒု-တပ်ကြပ်မှလည်း ငါလည်း တာဝန်ရှိတဲ့ကောင် မပေးရင် မသွားနဲ့ဟု ပြောပြီး တနာရီနီးပါးခန့် ရစ်ထားခြင်းကို ခံရပါသည်။ နောက်ဆုံးတွင် ထိုရဲ (ကုန်သွယ်ရေးဇုန် သင်္ဃန်းညီနောင်ဘက် အခြမ်းတွင်) Custom+ရဲ (၆,၀၀၀ ကျပ်)၊ (ကုန်သွယ်ရေးဇုန် မြ၀တီဘက်အခြမ်း) ရဲအား ၂,၀၀၀ကျပ် ပေးခဲ့ရပါသည်။ မင်းတို့ မပေးချင်လျှင် ၆ နာရီမထိုးမီ ကုန်သွယ်ရေးဇုန်အား ရောက်အောင်လာဟု ဆုံးမသြ၀ါဒပေးခြင်းလည်း ခံခဲ့ရပါသည်။ (သူ့အဖေလာလို့ လမ်းပိတ်ထားတာ သိသိကြီးနှင့် သေနတ်ကိုင်ပြီး ငွေတောင်း ဓမြတိုက်ခြင်းဖြစ်ပါသည်။) ထိုအချိန်တွင် တဖွဲ့လုံးမှာ မူးယစ်နေပြီး ပြည်နယ်ဝန်ကြီးချုပ် ပြန်သွားသည်မှာ အိမ်တောင် ပြန်မရောက်သေးသောအချိန်တွင် ဖြစ်ပျက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်သူများ သိစေရန် တင်ပြအပ်ပါသည်။ တလမ်းလုံးတွင်လည်း ထိုဆန်ကွဲအိတ် ၂၀ ဖြင့် လမ်းတံတားကြေး နှစ်ဆနှင့် ကြုံဆုံလာသမျှ လမ်းပေါ်ရှိ ဂိတ်အားလုံးအား ဂိတ်ကြေးနှစ်ဆ ပေးဆောင်ခဲ့ရပါသည်။ ဆရာသမားများမှ ဆန်ကွဲနှင့်ဆန် အတူတူပဲဟု ဆုံးမသင်ကြားပေးမှုများအားလည်း ခံခဲ့ရပါသည်။ စာရေးသူမှ ယခုမေးမြန်းခွင့်ရမည်ဆိုလျှင် ထိုပုဂိုလ်များအား ဆန်ကွဲကျွေးလျှင် စားမလားဟု မေးချင်ပါသည်။ နောက်ပြီး မြ၀တီသို့ တက်သလောက် ဆန်/ဆန်ကွဲအားလုံးမှာ တဘက်နိုင်ငံသို့ သွားသည်ဟု သူတို့မှ သတ်မှတ်လျှင် မြ၀တီမြို့သူမြို့သားများမှာ ဆန်မစားဘူးလားဟုလည်း မေးမြန်းခွင့်ရမည်ဆိုလျှင် ဒီနေရာမှ မေးမြန်းချင်ပါသည်။ စာရေးသူမှာ ထိုအချိန်တွင် ကင်မရာဖြင့် မှတ်တမ်းတင်ခဲ့ပါက စာရေးသူအား ချက်ခြင်းသေဒဏ်ပေးမည့် အနေအထားအထိ ဖြစ်ပျက်ခဲ့ပါသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP